တီးမယ်

Tuesday, August 23, 2011

ငါ့ကိုမချစ်တဲ့ ငါ့ရဲ့ချစ်သူ (Kitty Yang)


နင့်ကိုငါချစ်တယ်
နှုတ်ခမ်းမွှေးရေးရေးလေးနဲ့
ကောင်လေး
ပန်းတစ်ပွင့်ရဲ့အလှကို
ရှုစားရရုံနဲ့ကျေနပ်တယ်လို့ပြောရင်
ငါလိမ်တာမှန်တယ်။
နင့်ကိုငါချစ်တယ်
ပြုံးပြလိုက်၊ရယ်ပြလိုက်နဲ့
အရူးတစ်ယောက်သာဖြစ်သွားပါစေ
မင်းအကြည့်တစ်ချက်နဲ့တင်
သေလောက်တယ်။

အော်ဟစ်လိုက်မယ်
“နင့်ကိုငါချစ်တယ်”
ကမ္ဘာတွေခြားတာမှန်ပါရဲ့
ဒါပေမယ့် ပြေးကြည့်လိုက်ရင်
ကျွန်းနှစ်ခုသာသာလေးပါ။
နင့်ကိုငါချစ်တယ်
လိုလေးသေးမရှိ
နင့်အလိုတွေဖြည့်ပေးပါရစေ
ဒီအတွက်.. “ကျေးဇူးပါ” ဆိုတဲ့
စကားတစ်ခွန်းနဲ့
နင့်အပြုံးတစ်ပွင့်သာ
ငါ့ကိုဝေငပါ… ။
နင့်ကိုငါချစ်တယ်
နင့်ပုံရိပ်က
ငါ့ကိုအပြုံးနဲ့
မျက်ရည်စတွေ
ဖန်တီးပေးတတ်တယ်
ဘယ်လိုပဲဖြစ်ဖြစ်
ငါချစ်တယ်။
နင့်ကိုငါချစ်တယ်
သောကတွေနဲ့သာ
ဝေးပါရစေ
ဆုတွေတောင်းလို့။

No comments:

Post a Comment