တီးမယ်
Tuesday, August 9, 2011
ကဗျညအသစ်
ကဗျာအသစ်
မလုပ်လိုက်နဲ့
   နှုတ်မဆက်လိုက်ပါနဲ့ ချစ်သူ…
လက်ပြတာ တွေ့ခဲ့ရင်တောင်
`တာ့တာ´လို့ မယူဆပါရစေနဲ့
ပထမဆုံးတွေ့တဲ့ နှုတ်ဆတ်ခြင်းလို့
မြင်ကြည့်ပါရစေ…
   ငိုမချလိုက်ပါနဲ့ ချစ်သူ…
ငါလျှောက်ခဲ့တဲ့ နောက်ကွယ်မှာတောင်
လွမ်းချင်းတွေ မငြီးလိုက်ပါနဲ့
ဆောင်းတွင်းညရဲ့ အိပ်မက်လို့
တွေးကြည့်ပါရစေ…
   လွမ်းမပြလိုက်ပါနဲ့ ချစ်သူ…
ခဏတာခွဲခဲ့ရင်တောင်
မျက်ဝန်းလေးမညိုလိုက်ပါနဲ့
လုံးဝ ဒီကောင်မနေတတ်လို့
အတိတ်မေ့ထားပါရစေ…
မြင်စေ သိစေ ယုံစေချင်
ချစ်သူ…
ခက်မိုက်မိုက်စာသားတွေနဲ့
ကြွေပြနေတာမဟုတ်ပါဘူး
ငါ့ရင်ဘတ်ကို
နင်… မြင်စေချင်ရုံသက်သက်ပါ။
ချစ်သူ...
`ရိမ်မိုး´ရဲ့သီချင်းတစ်ပုဒ်နဲ့
ကြွှေပြနေတာမဟုတ်ပါဘူး
ငါ့အလွမ်းကို
နင်…သိစေချင်ရုံသက်သက်ပါ။
ချစ်သူ…
ရီဝေနေတဲ့မျက်ဝန်းတွေနဲ့
ငေးမောနေတာမဟုတ်ပါဘူး
ငါ့သတိရခြင်းကို
နင်…သိစေချင်ရုံသက်သက်ပါ။
ချစ်သူ…
အလန်းသားစိတ်ကူးတွေနဲ့
အတွေးထဲအိမ်ဆောက်နေတာမဟုတ်ပါဘူး
ငါ့အချစ်ကို
နင်…ယုံကြည်စေချင်ရုံသက်သက်ပါ။
`ခွင့်ပြုပါ´
အလွမ်းကြွေကျတဲ့ မနက်ခင်းရှိရင်
ငါ့ကို ခဏလောက်ဖြစ်ဖြစ်ငှားပါ။
ငါ့ရင်ထဲက အဲဒီအလွမ်းတွေကို
ခြွေချချင်လို့ပါ။
ကြေကွဲခြင်း ရေမျောတဲ့မြစ်ရှိရင်
ငါ့ကို တနေ့နေ့မှာ ပြောပြပေးပါ။
ငါမလိုချင်တဲ့ ကြေကွဲခြင်းတွေကို
ရေမျောခွင့်ပြုပါ။
အမုန်းမီးရှို့တဲ့ မီးခြစ်ရှိရင်
ငါ့ကို ခဏလောက်ဖြစ်ဖြစ်ငှားပါ။
နင့်ရင်ထဲက မရှိသေးတဲ့အမုန်းတွေကို
မီးရှို့ခွင့်ပြုပါ။
အချစ်ချူဆွတ်တဲ့ ချိတ်(ဂျိတ်)ရှိရင်
ငါ့ကို ခဏလောက်ဖြစ်ဖြစ်ငှားပါ။
နင့်ရင်ထဲက အဲဒီအချစ်တွေကို
(ခွင့်ပြုမယ်ဆိုရင်)
ချူယူခွင့်ပြုပါ။
အလွမ်းကျောင်း
စည်းကမ်းတင်းကြပ်
စိတ်သိပ်ပျက်တယ်
ကျောင်းမတတ်ချင်
ဘွဲ့ရလျှင်ဖြင့်
ငါပင်ပျော်မြူး
ဂျွမ်း(ကျွမ်း)ထိုးဦးမည်။
စိတ်ကူးကာပျော်
ဤကျောင်းတော်ဝယ်
တစ်နှစ်တစ်တန်း
ဖြတ်ကာလှမ်းလို့
တတ်လှမ်းခဲ့ရ
တစ်ခဏတွင်း
ဘွဲ့ရခြင်းသို့
ရောက်ရှိခဲ့ပြီ သူငယ်ချင်း။
သို့ပါသော်လည်း
မပျော်နိုင်ပေါင်
ဒီကကောင်ဖြင့်
လွမ်းရယ်ပြေဘူး
သီချင်းစူးကာ
ရင်တွင်းမှာထိ
ခံစားမိတယ်
အီး…ဟီး…
လွမ်းလွန်းလှတယ်
ကျောင်းတော်ကြီး။
မီလျံနာ
ငါ…အလွမ်းတွေကို  စုစည်းပြီး
သိမ်းထုပ်လိုက်တယ်          
ဘယ်သူမှ မယုံသည့်တိုင်         
ငါဟာ အလွမ်းမီလျံနာတစ်ဦးပါ ချစ်သူ။
ငါ…အချစ်တွေကို စုစည်းပြီး 
သိမ်းထုပ်လိုက်တယ်
ဘယ်သူမှမယုံသည့်တိုင်          
ငါဟာ အချစ်မီလျံနာတစ်ဦးပါ ချစ်သူ။
ငါ…ရင်ထဲမှာ
နုနုညံ့ညံ့ခံစားရတဲ့သတိရခြင်းတွေကို 
ဝှက်ကြည့်ပေမယ့်              
ငါ့ကိုယ်ငါ … အဝေးကိုလွှင့်ပစ်နေမိသလိုပါဘဲ 
အဲလို ရူးသွပ်သူပါ ချစ်သူ။
အစွန်းရောက်ခြင်းတွေ
ဆန့်ကျင်ချင်မိတဲ့ငါ…
အစွန်းရောက်ခြင်းတွေသာ
ရင်ထဲမှာမွေးဖွားလာတယ်
အဲဒါ…မင်းအပေါ်မှာ ချစ်မိတဲ့
အချစ်တွေပါ ချစ်သူ။
ပန်းကလေးတွေက
ခပ်ကြမ်းကြမ်းနမ်းခံရရင်
ရနံ့တွေငိုကြွေးတယ်တဲ့။
 ကိုယ်ကတော့ အနမ်းမခံရပါပဲ
ရင်ဘတ်က…
ခပ်ကြမ်းကြမ်းလေးငိုကြွေးဖူးပါရဲ့။
တစ်ခုတော့ပြောပါရစေ
ငါ…မျက်ရည်မီလျံနာ မဟုတ်တော့ပါဘူး။
့ကဗျာများအားလုံးသို့
အခွင့်ရှိရင်
ရိုးရိုးရှင်းရှင်း“ရ”ကောက်များ
ရာသီဥတု(၆)ပါး
ဝင်ခွင့်မရှိ
ပေးဆပ်ခြင်းလဲ အချစ်
အစစ်များ
ချစ်သူ (py@e$oneom)
နှလုံးသား=မိုး(py@e$oneom)
အလွမ်းပြေ
သော်သာ
မောင်နဲ့မ
အတွေးထဲကအိမ်
မင်းသဘောအတိုင်း
အတိတ်
မသေချာသော သေချာမှု
သဘောထား
နတ်သမီး
ခရမ်းပြာရောင် နတ်သမီးလေး
ထာဝရ
မိုး
ဇာတ်လမ်း
ချစ်ခြင်းအတိနဲ့ ပြီးပြည့်စုံတဲ့ ဘဝ
လမ်းသစ်လမ်းဟောင်း
သံယောဇဉ်အိပ်ခန်းလေး
တစ်ယောက်ထဲ
ဇာတ်ရံ
မင်းသာလျှင်
အလွမ်းမြေ
ဖတ်ကြည့်ကြပါ။
ချစ်လားမချစ်လားသိဖို့အတွက်
နည်းလမ်း၁၂သွယ်
ခုဝေမျှပေးချင်ပါတယ်။ မှန်လားမမှန်လားတော့
ကိုယ့်ဘာသာစမ်းသပ်ကြည့်ကြပါနော်
။ ဖတ်ပြီးရင်လည်း
ဝေဖန်ချက်လေးပေးကြပါဦးနော်။ ဆက်ရေးဖို့အတွက်
ခွန်အားလေးများပေးကြပါရန်မေတ္တာ
ရပ်ခံအပ်ပါသည်။
ချစ်လားမချစ်လားသိဖို့အတွက်နည်း
လမ်း ၁၂ သွယ်
၁၂ : သင်ဟာ သူနဲ့ ညဘက်ထိစကားပြောမယ်။ အဲဒါတောင်မှ အိပ်ရာထဲရောက်ရင်လည်း
သင်ဟာ သူအကြောင်းကို တွေးနေမိလိမ့်မယ်။
၁၁ : သင် သူနဲ့တွဲပြီးလမ်းလျှောက်တဲ့အခါ
မှာ သင်ခြေလှမ်းတွေနှေးနေလိမ့်မယ်။
၁၀ : သင် သူနဲ့ဝေးနေရတဲ့အခါ သင်ဝမ်းနည်းသလိုခံစားရလိမ့်မယ်။
၉ : သင် သူအသံကိုကြားတာနဲ့ပျော်ရွှင်နေလိ
မ့်မယ်။
၈ : သင် သူကိုကြည့်နေတဲ့အခါ သူတစ်ယောက်ကိုပဲမြင်လိမ့်မယ်။ သင်ဟာ
ပတ်ဝန်းကျင်ကို ဂရုစိုက်မှာ မဟုတ်တော့ဘူး။
၆ : သင်ရဲ့အတွေးထဲမှာ သူကအမြဲစိုးမိုးနေလိမ့်မယ်။ သင်
စဉ်းစားသမျှအရာအားလုံးဟာ သူအတွက်ပဲ။
၅ : သင် သူနဲ့တွေ့တဲ့အခါအမြဲပျော်ရွှင်ေ
နလိမ့်မယ်။ သင်မျက်နှာမှာ
အပြုံးတွေစိုးမိုးနေလိမ့်မယ်။
၎ : သင် သူနဲ့တွေ့ရဖို့အတွက် ဘာမဆိုလုပ်လိမ့်မယ်။
၃ : သင် ဒီစာကိုဖတ်စဉ်မှာ တစ်စုံတစ်ယောက်ဟာ
သင့်နှလုံးသားထဲမှာအချိန်တိုင်း
ရှိနေလိမ့်မယ်။
၂ : သင်ဟာ အဲဒီတစ်ယောက်အကြောင်းတွေးနေလို့
သင့်ဦးနှောက်အလုပ်ရှုပ်နေတာကြော
င့် သင်ဟာ နံပါတ် ၇
ကျန်ခဲ့တာကိုသတိထားမိမှာမဟုတ်ဘူ
း။
၁ : သင်ဟာ နံပါတ် ၇ ကျန်ခဲ့သလားလို့အပေါ်မှာပြန်စစ်ြ
ပီး
သင်ဟာသင်ကြိတ်ပြီးရယ်နေလိမ့်မယ်
ဒီစာထဲကလိုသင်တကယ်ဖြစ်နေရင်တော့
။ အသင့်နှလုံးသားထဲမှာရှိတဲ့လူကို
ချစ်မိနေပါပြီလို့ ရဲရဲကြီး အာမခံလိုက်ပါတယ်။ ကိုယ့်ကိုကိုယ်
စမ်းသပ်ကြည့်ကြပါနော်။
No comments:
Post a Comment