တီးမယ်

Friday, August 5, 2011

ချစ်သောဖခင်သို့ 

ထူးထူးခြားခြား
သတိရမိတယ် ဖေဖေ…
ဖေဖေမှာခဲ့တယ်..
လူတွေကို ကြင်နာစိတ်ရှိရမယ်…တဲ့..
လူတွေကကော… ပြန်ကြင်နာကြမှာလား..ဖေဖေ။
လူတွေကို နားလည်တတ်ရမယ်..တဲ့..
သူတို့ကကော ပြန်လို့ နားလည်တတ်ကြမှာလား ဖေဖေ။
လူတွေကို သနားတတ်ရမယ်….တဲ့
သူတို့ကကော ပြန်သနားတတ်ကြမှာလား..ဖေဖေ။
လူတွေကို ကူညီတတ်ရမယ်.. တဲ့
သူတို့ကကော ပြန်ကူညီကြမှာလား ဖေဖေ။
လူတွေကို ခွင့်လွှတ်ပေးရမယ်…တဲ့
သူတို့ကကော ခွင့်လွှတ်ကြမှာလား ဖေဖေ။
လူတွေက ပြောသေးတယ်…
မွေးတုန်းကလည်း တစ်ယောက်ထဲ…
သေသွားတော့လည်း တစ်ယောက်ထဲ…တဲ့
သမီးဖြည့်ချင်သေးတာ..
နေနေတုန်းလည်း တစ်ယောက်တည်း ပါပဲ ဖေဖေရယ်…။
တစ်ယောက်တည်းပါပဲ..
သမီးနှလုံးသားကို ဘာသာတူးဆွလို့တောင်
နက်နေတုန်း.. အဆုံးမရောက် တောက်လျှောက်ကြီးပါလား ဖေဖေ။
တစ်ခါတစ်ရံ..
လူအုပ်ကြီးဘေးမှာ
တစ်ယောက်တည်း အထီးကျန်ရပ်ရင်း
ဖေဖေသွားနှင့်တဲ့လမ်း
မျှော်ရည်မှန်းလို့..
လွမ်းတယ် ဖေဖေ……..
သမီး..
သိပ်လွမ်းတယ်..။
ပျော်ရွှင်သော မွေးနေ့ကို ကောင်းကင်ဘုံမှာ ဆင်နွှဲနေပါ ဖေဖေ။
♫ ♥●••·˙~~သက်ဆိုင်တာလေးတွေ~~ ˙·••●♥♫
ကစ္စပနဒီအလွမ်း

No comments:

Post a Comment