တီးမယ်

Wednesday, August 3, 2011

ချစ်သူနယ်မြေ

ဘာနဲ့ မှချိန်စက်လို့ မရနိုင်တဲ့
အတိုင်းတာပမာဏတွေရှိတယ်
မြူတစ်မှုန်စာလောက်မှအရောနှောမပါတဲ့
အပြစ်ကင်းစင်ခြင်းတွေရှိတယ်…
ဘယ်သူမှမမြင်နိုင်တဲ့
ဆံချည်မျှင်ကြိုးလေးတစ်ပင်ရှိတယ်
လွပ်လပ်မျှတတဲ့ပြိုင်ပွဲလှလှလေးတွေရှိတယ်
ရင်ခုန်စွာတည်ဆောက်ခဲ့ကြတဲ့
မျက်လုံးထဲကဘာသာဗေဒတွေရှိတယ်
နှလုံးသားကမွေးဖွားပေးခဲ့တဲ့
နားလည်မှု့ များစွာလည်းရှိတယ်
အထုးပြုလုပ်ချက်တွေမပါတဲ့ 
အကြင်နာဇာတ်ဝင်ခန်းလေးတွေရှိတယ်
အိပ်မက်နဲ့ အပြည့်သိုလှောင်ထားတဲ့
ဘ၀ရည်မှန်းချက်တွေရှိတယ်
ဘယ်လိုမှမျှော်လင့်မထားတဲ့
စေတနာစမ်းချောင်းလေးတွေရှိတယ်
အနိုင်ယူလိုခြင်းအလျင်းမရှိတဲ့
ရင်ခုန်သံပြိုင်ပွဲလေးတွေရှိတယ်
ရှိတယ်…ရှိတယ်
အချစ်နယ်မြေမှာအချစ်ကြောင့်ကိုပဲ
ဘာမဆိုအကုန်ရှိတယ်….

No comments:

Post a Comment