တီးမယ်

Sunday, August 7, 2011

အခိုက်အတန့်လေး

အခိုက်အတန့်လေး
တဒင်္ဂလေးပါပဲ
ဘာမှမသိလိုက်ခင်လေးမှာပဲ
နင့်ကိုချစ်မိခဲ့တယ်
တခဏလေးအတွင်းမှာပဲ
ငါ့ဘ၀ရဲ့
အစိတ်အပိုင်းတစ်ခုအဖြစ်
နင်နေရာယူခဲ့တယ်
အချစ်ဆိုတဲ့ စကားလုံးလေးနှစ်ခုက
ရင်ခွင်တစ်ခုလုံးကို
မွှေနှောက်ပြီးရုးလောက်အောင်
ခံစားစေနိုင်တယ်ဆိုတာငါသိခဲ့ရပြီ............
နင်နဲ့တွေ့ခဲ့တဲ့အခိုက်အတန့်လေးဟာ
ဘာမှမကြာလိုက်ပေမယ့်
ခဏလေးအတွင်းမှာ
တစ်သက်စာနာကြင်စရာတွေကို ငါရရှိခဲ့တယ်
လွမ်းရတဲ့ဝေဒနာတွေကို
ထွေးပိုက်ခဲ့ရတယ်
ဒီလောက်ခံစားရမယ်ဆိုတာ မသိခဲ့လို့ပါ
အချိန်တွေနောက်ပြန်လှည့်လို့ရခဲ့ရင်
နင်နဲ့ဆုံဖြစ်ခဲ့တဲ့အခိုက်အတန့်လေးကို
ငါမျက်ကွယ်ပြုထားလိုက်ချင်တယ်ဟာ............

No comments:

Post a Comment