တီးမယ်

Friday, August 5, 2011

၇င်၇ှိုက်သံ၏အစွန်းမှာ

ခံစားချက်တချို့တလေကိုထုပ်သိမ်းလို့
အသာအယာနောက်အဆုတ်မှာ
ငါ့ပါးပေါ်မှာ… ငါ့ပါးပေါ်မှာ
အို … ငါ ငိုနေမိပါလား။

ငါ့ရင်ထဲကို ထိရှ
မင်းဟာမြှားတစ်စင်းပေါ့ကွယ်
ကြယ်ကြွေတို့ သက်ဆင်း ငါ့အနားမှာလင်းတယ်
မင်းဟာ ငါ့ဘဝ ၊ ငါ့အချစ် ၊ ငါ့အသက်
အို ငါ့ ပါးပေါ်မှာ နေအစင်းတစ်ရာထွက်တယ်။

ငါ့ခံစားချက်တို့ ခပ်ပြင်းပြင်းမြိုချ
သိုသိပ်ခြင်းတို့ လွင့်စင်ထွက်
သက်ပြင်းရှိုက်သံထဲပျောက်ဆုံးသွားတဲ့ အသံကတော့
ချစ်တယ်…. ချစ်တယ်
ငါ့ ပါးပေါ်မှာ လျှပ်တွေ ပြက်လို့ မိုးကြိုးတွေပစ်တယ်။

အချစ်ရယ်……
ခပ်ကျိတ်ကျိတ် တိုးတိတ်ငိုရှိုက်
အလွမ်းတို့ တိုက်ခိုက်နေတဲ့အခါ
ညတာတို့ ရှည်လွန်းတယ်
နေ့တာတို့ ပူလွန်းတယ်
လွမ်းတယ်…. လွမ်းတယ်
ငါ့ ပါးပေါ်မှာ တိမ်တစ်အုပ် ခပ်ဖွဖွဖြတ်ပြေးသွားတယ်။
ငါ့ရင်ထဲမှာ မိုးတွေညို့နေတယ်။

No comments:

Post a Comment