ထင်ရှားသည့် အမှတ်အသား (ဇေယျာလင်း)
Posted by on November 22, 2008
“ငါဟာ ငါဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ငါ့ ထင်ရှားသည့် အမှတ်အသားဟာ ငါ့ကိုသိလို့ပဲ”
ထင်ရှားသည့် အမှတ်အသား ရောင်းရန်ရှိသည်။ထင်ရှားသည့် အမှတ်အသား ခေတ္တခရီးထွက်သွားသည်။
ထင်ရှားသည့် အမှတ်အသားကို အထောက်အထားနှင့် တင်ပြပါ။
ထင်ရှားသည့် အမှတ်အသား မေးမြန်းစုံစမ်းခြင်း သည်းခံပါ။
ထင်ရှားသည့် အမှတ်အသားမှာ လက္ခဏာအတုတွေ့ရှိရပါသည်။
ထင်ရှားသည့် အမှတ်အသားဟာ လက္ခဏာများစွာထဲက တစ်ခုဖြစ်ပါသည်။
ထင်ရှားသည့် အမှတ်အသားမှာ ရပ်နားစရာ မရှိပါကြောင်း။
ထင်ရှားသည့် အမှတ်အသားမှာ ကံ၊ ကတ္တားတို့ ပျောက်ဆုံးနေပါသည်။
ထင်ရှားသည့် အမှတ်အသား တရေးရေးပေါ်လာနေသည်ကို တွေ့ရှိရပါသည်။
ထင်ရှားသည့် အမှတ်အသားနေရာမှာ အပေါက်ကြီးတစ်ပေါက် တွေ့ရှိရပါသည်။
Read more of this post
အက်ရှ်ဘရီ အင်တာဗျူး (ကဗျာဆိုတာဘာ) – ( ဇေယျာလင်း)
Posted by on August 7, 2011
DK – ခင်ဗျားရဲ့ ကဗျာထဲမှာ မေးခွန်းနဲ့ အဆုံးသတ်ထားတယ်။ အဲသလို မေးခွန်းနဲ့ အဆုံးသတ်ပုံမျိုး၊ ဒါမှမဟုတ် အခြားမရေမရာ၊ မသေမချာမှုကို ပြတဲ့ပုံမျိုးနဲ့ အဆုံးသတ်ဟာ ကဗျာအတွက် ဘာအကျိုးထူးသလဲ
JA – အဲဒါတော့ ကျွန်တော် မသိဘူးဗျ။ အဲသလို အဆုံးသတ်ရမယ် ဆိုတာကိုလည်း ကျွန်တော် ကြိုတင်ကြံစည်ထားတာ မဟုတ်ဘူး။ ကဗျာာတစ်ပုဒ် စရေးရင် ဘယ်လိုအဆုံးသတ်မယ်ဆိုတာကိုလည်း ရေးနေတုန်းမှာ မပြောနိုင်ဘူးဗျ။ ဒါပေမယ့် မေးခွန်းနဲ့ အဆုံးသတ်လိုက်တယ်ဆိုတော့ ဘာကိုဆိုလိုတယ်ဆိုတာ လက်ဆုတ်လက်ကိုင် မရတာမျိုး၊ ‘အတွေ့အကြုံ’တစ်ခုခု အနေနဲ့ ကဗျာကို တံခါးပိတ်‘ချိတ်’လုပ်သလိုမျိုး မဖြစ်သွားတာကတော့ သေချာတယ်။ အဲသလိုမျိုးတွေပဲ ကျွန်တော် များများရေးဖြစ်လဒ မသိပါဘူး။ တစ်ခါတုန်းက ဖတ်ခဲ့ဖူးတဲ့ (၁၉)ရာစု ဂျာမန်ကဗျာဆရာ ဟို(လ်)ဒါလင်ရဲ့ ကဗျာတစ်ပုဒ်ကို comma နဲ ဆုံးထားတာ တွေ့ရတော့ ကျွန်တော် သဘောကျလွန်းလို့ အဲဒီပိတ်နည်းကို ခိုးလိုက်တယ်ပေါ့ဗျာ။
မိုးတွေက တဖွဲဖွဲ မီးညွှန့်တွေ (မိုးဝေး)
Posted by on July 10, 2011
ဖြစ်စဉ်အတိုင်းတော့ အနုပညာမှာ
ငါရယ် လူတွေ တအားသုံးကြတဲ့အမှန်တရားရယ်
နှောင်းအနုပညာရှင်တွေ ပြောတဲ့ ဘာလဲ အမှန်တရား ဆိုတာရယ်
တစ်နေ့တွေ့ကြလိမ့်မယ်။ ဒီလိုပဲ လိုတဲ့အခါ အသုံးပြုကြဖို့ပဲ မဟုတ်လား
အမှန်တရား မလိုတော့တဲ့အခါ မလိုသလိုပေါ့
သမိုင်း မလိုတော့တဲ့အခါ မလိုသလိုပေါ့
သိစိတ်ရဲ့ အတွင်းပိုင်းထိ မလိုတော့တဲ့အခါမျိုးတွေမှာ
မိတ်ဆွေ၊ အခု ခင်ဗျား အဆင်ပြေတယ်မို့လား
ကျွန်တော့်ကိုမေ့ထားလိုက်ပါ။
သမိုင်းပြီးဆုံးသွားတဲ့အထဲမှာ ကျွန်တော် ပါသွားလို့ပါ
ကျွန်တော် ပြန်လာခဲ့ပါ့မယ်။
လစ်ရစ်ကဗျာတွေ အခု ကျွန်တော် ရေးနေပါတယ်
မိတ်ဆွေတို့ရဲ့ ရှိမှု/သိမှုနယ်ပယ်ထဲ

ကြောင် (နေမျိုး)
Posted by on June 19, 2011
သူဟာ ကြောင်တစ်ကောင်ဖြစ်တယ်လို့ ပြောကြတယ်
သူဟာ ငါးတစ်ကောင်မှ မစားဖူးဘူး
သူ့အဖေလည်း ငါးတစ်ကောင်မှ မစားဖူးဘူး
သူ့အဘိုးလည်း ငါးတစ်ကောင်မှ မစားဖူးဘူး
(သူဟာ ကြောင်တစ်ကောင်ဖြစ်တယ်လို့ ပြောကြတယ်)
သူ့ရန်သူတွေက သူ့အကြောင်းရေးဖွဲ့ထားတဲ့ ကဗျာတွေဖတ်ပြီး
သူငိုတယ်
ဒါပေမယ့် သူဟာကြောင်တစ်ကောင်ဖြစ်တယ်
သူဟာ ပြင်သစ်ဘာသာနဲ့ချောင်းဆိုးပြီး
ဂျာမန်ဘာသာနဲ့ သမ်းဝေတယ်
‘ကြောင်တစ်ကောင်၏တစ်နေ့တာ’ စာအုပ်ကို
မြန်မာဘာသာနဲ့ ထုတ်ဝေခဲ့တယ်
အဲဒီစာအုပ်ဟာ ရောင်းစွံခဲ့လေတော့
သူဟာကြောင်တစ်ကောင်ဖြစ်ကြောင်း ပိုသေချာလာတယ်
ကုတ်အင်္ကျီအကြီးကြီးထဲမှာ သူ့ကိုယ်လုံးသေးသေးလေးဟာ
မြုပ်နေတတ်ပြီး သူ့တွေးခေါ်မြော်မြင်မှုတွေကို
ကုတ်အင်္ကျီဘယ်ဘက်အိတ်ထဲမှာ ထည့်ထားတတ်တယ်
(ညာဘက်အိတ်ထဲမှာတော့ မက်ဒေါနားနဲ့ လီနင်ရဲ့ ဓာတ်ပုံတွေရှိတယ်)
သူ့ကိုမယုံကြည်သူတွေက ၅့  ၂ စင်တီရှိတဲ့ နှုတ်ခမ်းမွှေးကို
အတုကြီးတွေလို့ပြောကြတယ်
ဒါပေမယ့် သူ့လက်သည်းတွေကိုတော့ အားလုံးကြောက်ရွံ့ကြရဲ့

သည်ဒုက္ခမှာမြူးမိတယ် (နေမျိုး)
Posted by on June 19, 2011
သည်ဒုက္ခမှာမြူးမိတယ်။ သြော် . . . ဒုက္ခ ဒုက္ခ . . . ။ ဒီဒုက္ခမှာမြူးမိ
တယ်။ သြော် . . . ဒုက္ခ ဒုက္ခ သင်ဟာ ဒုက္ခလို့ထင်ရက်စရာမရှိအောင်ပါပဲ။
သင့်ကိုယ်သင်းနံ့က ငါ့ကို ကလေးဘ၀ဆီထိပြန်အမှတ်ရစေပြီး တောင်
ကုန်းကြီးတစ်ခုပေါ်ကို တေးတကြော်ကြော်နဲ့တက်နေမိသလိုပါပဲကွာ။
သည်ဒုက္ခမှာ မြူးမိတယ်။ သင့်ဆံနွယ်တွေဟာ မဟူရာ။ ငါ့ကိုဖမ်းယူမယ့်
မဟူရာကွန်ယက်လို့ မသိတတ်နိုင်အောင်ပါပဲ။ မဟူရာကွန်ယက်ထဲမှာ
ငါဟာငြိတွယ်ခဲ့။ သည်ဒုက္ခမှာမြူးမိတယ်။ သြော် . . . ဒုက္ခ ဒုက္ခ
မြူးမိလေပေါ့ သည်ဒုက္ခမှာ။ ညအခါ ကြယ်စင်မင်းထွန်းလင်းသလို
ဝင်းဝင်းပပ ရွှန်းမြ မင်းမျက်ဝန်းတွေတစ်ကမ္ဘာ ငါမက်မြင်ဖို့အိပ်မက်တွေဟာ
လတ်လတ်ဆတ်ဆတ်အတောင်တဖျပ်ဖျပ်ခတ်သံတောင် ကြားမိပါရဲ့။

ညစာစားပွဲ (နေမျိုး)
Posted by on June 13, 2011
ငါ့ရှေ့က စားပွဲမှာ စားသောက်ဖွယ်ရာများကို အစီအရီ ခင်းကျင်းထားသည်။ ငါမစားသောက်။ ငါဆာလောင် မွတ်သိပ်နေသည်ကို လူတွေသိမည်စိုးသောကြောင့် ငါမစားသောက်။ စထရော်ဘယ်ရီသီးများက ရဲမှည့်နေသည်။ ငါမစားသောက်ခဲ့သော အခြားသစ်သီးများ။ ငါတို့လေးယောက်စာ နွားနို့များကို နေ့စဉ် သူသောက်ပစ်ခဲ့သည်။ ငါတို့လေးယောက်စာ အသားတုံးများကို နေ့စဉ် သူစားပစ်ခဲ့သည်။ငါတို့လေးယောက်စာ မက်မုံသီးများကို နေ့စဉ် သူစားပစ်ခဲ့သည်။ တစ်နှစ်တိတိကြာသောအခါ ငါတို့သည် ပိန်လှီအိုမင်းခဲ့ကြပြီ။ သူကတော့ နုပျိုသန်စွမ်းလျက်။ သူ၏ရယ်မောသံကို ကျွန်းပေါ်ရှိ မီးပြတိုက်ထက်မှာပင် ကြားကြရသည်။ သောင်ပြင်တစ်လျှောက်မှာ နက်ရှိုင်းစွာ Read more of this post
သုံးယောက်ကောင်းကင် (မောင်သစ်မင်း)
Posted by on June 5, 2011
နတ်သမီးပုံပြင်
သူ့အတွက် သူအိမ်တစ်လုံးဆောက်တယ်သူ့အုတ်မြစ်များ၊
သူ့ကျောက်တုံးများ၊
သူ့နံရံများ၊
သူ့ခေါင်းပေါ်က အမိုးများ၊
သူ့ခေါင်းတိုင် သူ့မီးခိုးများ၊
သူ့ပြတင်းပေါက်က မြင်ကွင်း။
သူ့အတွက် သူဥယျာဉ်တစ်ခုလုပ်တယ်
သူ့ခြံစည်းရိုး၊
သူ့သစ်မွှေးပင်၊
သူ့တီကောင်၊
သူ့ညနေခင်းနှင်းစက်။
သူ့ကောင်းကင်ပေါ်က တစ်စိတ်တစ်ပိုင်းကို လှီးဖြတ်လိုက်တယ်။
ပြီးတော့ ဥယျာဉ်ကို ကောင်းကင်နဲ့ထုပ်
သူ့အိမ်ကို သူ့ဥယျာဉ်နဲ့ထုပ်
အားလုံးကို လက်ကိုင်ပ၀ါတစ်ထည်ထဲမှာ စုထုပ်လိုက်တယ်။
ပြီးတော့ ထွက်သွားလေရဲ့
အာတိတ်မြေခွေးတစ်ကောင်ရဲ့
အထီးကျန်မှုမျိုးနဲ့
အေးစက်
အဆုံးမဲ့
မိုးရေထဲဖြတ်သန်းပြီး
ကမ္ဘာထဲကို။ ။
Miroslav Holub
– Translated: မောင်သစ်မင်း -
– Translated: မောင်သစ်မင်း -

No comments:
Post a Comment