တီးမယ်

Sunday, August 7, 2011

လွဲချော်ခြင်း

လွဲချော်ခြင်း
ဘာပယောဂမှမပါဘဲ
ဘုမသိဘမသိ ဝေးခဲ့ရတာမို့
အူကြောင်ကြောင်နဲ့
ပြန်နီးစပ်ဖို့ ကြိုးစားရင်း
နောက်ဆုံးမှာ သိလိုက်တာက
နင်ကိုယ်တိုင်က ငါ့ဆီပြန်မလာချင်တာပါလားနော်...
အင်းပေါ့လေ...။
အစတည်းက မှားနေတဲ့
မေးခွန်းလွှာတစ်ခုလိုပဲ
အဆုံးသတ်
အဖြေမရှိတာ အဆန်းပါဘူးလေ။
အဲဒီလွဲနေတဲ့ အရာတွေထဲ
သေချာတဲ့ အမှန်တရား တစ်ခုကတော့
နင်ကဦးနှောက်ကို ဦးစားပေးသူမို့
ငါ့ဆီ ဘယ်တော့မှ ပြန်လာမှာ မဟုတ်သလို
ငါလဲအချစ်ကို ကိုးကွယ်သူမို့
နင်ကိုသေတောင် မေ့မှာမဟုတ်ဘူး...။

No comments:

Post a Comment