တီးမယ်

Wednesday, August 3, 2011

ဖက်ကြည့် ပါ

တစ်ခါတစ်ရံဘ၀ဆိုတာ
ဖရီးဝှီးချော်နေတဲ့စက်ဘီးတစ်စီးကို
နင်းနေရသလိုမျိုးဖြစ်နေတတ်တယ်
အမြင့်ပျံတဲ့ငှက်မုန်တိုင်းကိုမကြောက်သလို
ရည်မှန်းချက်ကြီးတဲ့သူ
လောကဓံကိုမကြောက်ရဘူး
တစ်ခါတစ်လေသစ်ပင်ကငြိမ်ချင်ပေမဲ့ 
လေကမငြိမ်တော့ခက်တယ်
အရည်သွေးကောင်းတဲ့ကျောက်
စောင့်ရှောက်ဖို့ ခက်သလို
သိပ်တော်နေတဲ့သူကိုလည်း
ထိန်းချုပ်ရခက်တတ်တယ်

No comments:

Post a Comment