တီးမယ်

Saturday, August 6, 2011

ပေးဆပ်သူ

မရေရာတဲ့လောကကြီးထဲ
အချစ်ဆိုတာကိုဖွေရှာမိတော့
မသေချာမှုတွေရဲ့ကြား
ရင်မောနေရသူကငါပါ..
နင်ကတော့…….
အတိတ်ဟောင်းကရင်ခုန်သံတွေကို
တမ်းတနေတုန်းပဲလား…….?
မြင်နိုင်မယ်ဆိုရင်
ငါ့ရဲ့ရင်ထဲ
ခဏလောက်ဝင်ကြည့်လှည့်ပါ
ချစ်သူပေးတဲ့ဒဏ်ရာဆိုတာ
နှလုံးသားရဲ့အတွင်းဆုံးအလွှာအထိ
အမြစ်တွယ်တတ်ပါသတဲ့..
နင်မသိခဲ့ပါဘူး
နင့်ကိုသတိရလို့မက်တဲ့အိပ်မက်
နိုးထချိန်အထိ
မျက်ရည်စက်လက်နဲ့လေ
မျှော်လင့်မိပါတယ်
နင့်ရဲ့အချစ်တွေ
ငါ့အတွက်သီးသန့်ဖြစ်လာမယ့်တစ်နေ့နေ့ကိုပေါ့
အဆုံးမဲ့တဲ့ငါ့အချစ်တွေက
ပေးဆပ်ခြင်းသက်သက်ဆိုလည်း
ဒဏ်ရာတွေကိုမမှုပါဘူး
နင်ပျော်ဖို့အတွက်
ထာဝစဉ်ပေးဆပ်နေပါမယ်ချစ်သူရယ်…..

No comments:

Post a Comment