တီးမယ်

Sunday, August 7, 2011

အသင်...

အသင်...
ငါ့မျက်ဝန်းမှာလည်း ညှို့ချက်ဆိုတာ
မဆင်မြန်းခဲ့ပါ...
ငါ့အပြုံးမှာလည်း မာယာဆိုတာ
မကွန်းခိုခဲ့ပါ...
ငါ့စကားမှာလည်း မုသားအလင်္ကာ
မဖွဲ့ဆိုခဲ့ပါ...
အဘယ်သို့များကြောင့်...
ငါနှလုံးသားအား....
အသင်ရက်စက် အငြိုးကြီးစွာ
ချေဖျက်ခဲ့ပါသနည်း....။.....။
တကယ်ဆို....
ခပ်စိမ်းစိမ်း တိုက်ခတ်နေတဲ့ လေစိမ်းကြားမှာ
ရှင်သန်ပေါက်ရောက်နေတဲ့
နှလုံးသားမြက်ပင်နုငယ်
သင့်အပေါ်
နာကြည်း ရက်စက်မှုတွေနဲ့
တိုက်ခိုင်ခြင်းမဟုတ်
သင်...ရှင်သန်ဖို့အတွက်
တိုက်ခတ်ပေးခြင်းပါ...။
နေဝင်ချိန်ရဲ့ အလင်းတံခါးပေါက်တွေကြား
အလင်းရောင် ဖျော့တော့တော့လေး
ဝင်ရောက်လာရင်တောင်
အသင့်ကို
ငါမျှော်နေခဲ့တယ်ဆို....
အသင်ဟာ
ငါ့နှလုံးသားထဲက တစ္ဆေတကောင်
ဖြစ်ခဲ့ဖူးပါလိမ့်မယ်...။
အသင်....
အသင်ဟာ
နေမဝင် အင်ပါယာတောင် ထောင်ခဲ့ပြီးပြီပဲ
အဘယ်အတွက်ကြောင့်
ငါ့နှလုံးသားအား
ယစ်ပူဇော်ဖို့ ကြံရွယ်နေသေးသနည်း....။....။

ရှင်ထိပ်ထား

No comments:

Post a Comment