တီးမယ်

Friday, December 28, 2012

ငတေတစ်ကောင်ရဲ့ ရူးသွပ်ခြင်း


ကောင်မလေးရယ်
ငါချစ်တဲ့နင်ကတောင်
ငါပုံစံကို သက်ပြင်းတွေကြားမှာ
လွှင့်မပစ်လိုက်ပါနဲ့။

ဖရိုဖရဲ ငါစတိုလ်က
သပ်ရပ်တဲ့ငါနှလုံးသားကို
ဖုံးကွယ်မသွားပါဘူး။

ပေတေ တဲ့ တေလေတစ်ယောက်
မဟုတ်ခဲ့ပေမဲ့
ပေတေ တဲ့ ငါဒီဇိုင်း
စရိုက်ဆန်ချင်ဆန်နေမယ်။

ဒါပေမဲ့.......
နင်ကိုပုံပြင်ဆန်ဆန်ချစ်ခဲ့တာ
မဟုတ်ပါဘူး
တကယ် နှလုံးသားစစ်စစ်နဲ့
တွယ်တာခဲ့မိတာပါ။

လူဆိုးတစ်ယောက်မဟုတ်ခဲ့ပေမဲ့
မလိမ်ခဲ့တဲ့ငါ
နင်နဲ့ဝေးကွားသွားတော့
လေလွှင့်ခြင်းတွေကိုပါ
ခုံမင်တတ်လာတယ်။

ဒါက  နားထောင်းကောင်းတဲ့
အကြောင်းပြချက်မဟုတ်ခဲ့ပါဘူး
နင်တွေးကြည့်ပါ
ချစ်သူနဲ့ဝေးနေသူအဖို့
စိတ်နဲ့ကိုယ်နဲ့မကပ်တာ
မဖြစ်သင့်တဲ့ အ၇ာလား။

နင်မရှိတော့တဲ့ ဒီအရပ်မှာ
မှိုင်ထွေခြင်းတွေနဲ့ ငါပေါင်းသင်းခဲ့တယ်
အထီးကျန် ဝမ်းနည်းမှုတွေက
ငါကို အားငယ်စေဆုံးပဲ။

အများကသတ်မှတ်ထားတဲ့
အလေလိုက်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်ကို
ငါရဲရဲပဲ လျှောက်လှမ်းမိတော့တယ်။

တမ်းတခြင်းစာကြောင်းတွေပဲ
ငါထိုင် ခြစ် နေမိတယ်
အဲ့ဒါကို ရူးသွပ်ခြင်းလို့ ငါခေါ်ခဲ့မိတယ်။

စိတ်ကောက်တတ်တဲ့
အကျင့်ပိုင်ရှင်နင်နဲ့
စိတ်မရှည်တတ်တဲ့ဗီဇရှိတဲ့ငါဟာ
အလိုက်ဖက်ဆုံး စုံတွဲပဲ
ကိုယ့်ငချဉ်ကိုယ်ချဉ်တာမဟုတ်ဘူး
နော်။

ပေပေတေတေပဲ
နင်ကိုစောင့်ဆိုင်းရင်း
ဂျစ်ကန်ကန် နင်ကိုလွမ်းရင်း
ရူးသွပ်စွာ တမ်းတနေဦးမှာပဲ
တစ်နေ့တော့  ပြန်ဆုံဦးမယ်ဆိုတဲ့
ယုံကြည်ချက် တစ်ခုနဲ့ပေါ့ ကောင်မလေးရယ်.........။။

လွမ်းတတ်စေဖို့တဲ့



http://i904.photobucket.com/albums/ac247/tawthulay/2550.jpg?t=1318490710



ဖြစ်ချင်တာတွေဖြစ်မလာတဲ့ဘဝမှာ
ဖြစ်ချင်တာဖြစ်တော့ဆိုပြီး
လျစ်လျူရှုခြင်းတွေကို
ဝယ်စားလိုက်တော့မှ
အသက်ရှုရတာ
အဓိပါယ်ရှိလာသလိုလိုပဲ။

ဝေးကွာခြင်းကုန်သည်တွေ
ဘယ်များေ၇ာက်နေကြသလဲမသိဘူး
ေ၇ာင်းချနိုင်ဖို့
မဆုံစည်းနိုင်ခြင်းတွေ
စုမိဆောင်းမိထားတာ
တော်တော်များနေပြီ။

ဟူးးးးးးးးးးးးးးးးးးးး
သတိရခြင်းအမှိုက်ပုံမှာ
အလွမ်းတွေသွားစွန့်ပစ်မိမှ
တမ်းတခြင်းတွေ
မဖုံးနိုင်မဖိနိုင် ဖြစ်ကုန်ပြီ
လူကြားသူကြား စုံတွဲလေးတွေမြင်တိုင်း
ခပ်တိုးတိုးလေး အားကျမိတယ်။

မရှိနိုင်တဲ့မင်းပုံ၇ိပ်တွေ
ဆယ်ယူဖို့လည်း မရွံ့မရဲနဲ့
ကံတ၇ားရယ်....
တကယ်ချစ်မိပြီိဆိုမှ ဘာလို့များ
အလွမ်းတွေနဲ့ မိတ်ဖွဲ့စေခဲ့တာလဲဗျာ။

သြော်.........
လွမ်းတတ်စေဖို့တဲ့လား.....။


ငါ့အမှား



 
သူပြောခဲ့တဲ့ ချစ်တယ်ဆိုတဲ့စကားကို
သေချာသဘောမပေါက်ဘဲ
အယူမှားခဲ့တဲ့ငါ
စိတ်ကူးယဉ်အိပ်မက်တွေ 
မက်ခဲ့မိတာ ငါ့အမှားပေါ့။

မဖြစ်နိုင်တဲ့ နင်ရဲ့သတိရခြင်းကိုမှ
တောင်းတမိတာ ငါအမှားပေါ့
ထွေးနွေးစွာနမ်းခွင့်မရှိ
ယုယစွာပိုက်ထွေးခွင့်မရနိုင်တဲ့
ဝေးကွာမှုမျိုးမှာ
နင်စကား ဘာကြွင်းကြွင်း
ယုံကြည်နေမိတဲ့ ငါအမှားပေါ့။

နင် ကျေနပ်မှာပါ ချစ်သူ.....
နင်ပြောခဲ့တယ်လေ
မဆုံနိုင်တဲ့ နင်ကိုချစ်ခဲ့မိတာ 
ငါ့အမှားလို့ပေါ့။

ဟုတ်ပါတယ်
ငါလုပ်ရပ်တွေ မမှန်ကန်ခဲ့ဘူးပဲထားပါ
ဒါပေမဲ့....
၇ိုးသားစွာ ချစ်ခဲ့မိတဲ့ 
ငါနှလုံးသားမမှားဘူးဆိုတာ
နင်သိလာတဲ့တစ်နေ့ မှာ 
ငါဆီပြန်လာချင်တယ်ဆို၇င် 
ငါ့အမှားကနေနင်အမှားလို့ 
ငါပြန်ပြောမိလိမ့်မယ်ချစ်သူ.........။။

အသဲကွဲ ပြက်လုံး

http://fc00.deviantart.net/fs48/f/2009/179/9/8/lonely_boy_by_muafiu.jpg

 
 သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါတဲ့
နင်ပေးတဲ့သင်တန်းတွေကြောင့်
အဲ့..ဆောင်ပုဒ်လေးက
င်ါလက်စွဲတော်ဖြစ်ခဲ့တာပေါ့။

သစ္စာတ၇ားဆိုတာ
သုံးနေကြတစ်ရှူးလောက်တောင်
ကြာကြာကိုင်မထားနိုင်တဲ့
ခေတ်ေ၇စီးကြောင်းမှာ
နင်ကအလိုက်အထိုက်လေး
မျောပါနေရတာပါတဲ့လား။

(ဟားဟား)
နင်စကားက ရယ်ဖို့ကောင်းခဲ့သလို
နာကျင်လို့လည်းမဆုံးပါဘူး
အသစ်တွေ့လို့အဟောင်းမေ့တာ
မဟုတ်ဘူးတဲ့လား။

ခေတ်နဲ့အပြိုင်နေရုံပါတဲ့
ခေတ်မှီတာနဲ့ခေတ်ဆန်တာ
မခွဲတတ်သူလားလို့
မမေးရက်ခဲ့ပါဘူး။

One go Two come ဆိုတဲ့
ကြီးကြီးကျယ်ကျယ်စကားတွေနဲ့
လမ်းခွဲစရာမလိုဘူးချစ်သူ။

ချမ်းသာကြွယ်ဝ
ပြည့်စုံသာယာ
ကြီးကျယ်ခမ်းနားခြင်းမှာသာ
အချစ်ရှိတဲ့ထင်တတ်နဲ့
နင့် ..စကားတွေက
ငါအတွက် ....
သိပ်ရသမြောက်တဲ့ပြက်လုံးတွေပါပဲ။

အဲ့ဒီ....
သိပ်ရယ်ရပါတယ်ဆိုတဲ့ပြက်လုံးတွေကပဲ
ငါ့နှလုံးသားကို
ချေမွ တိုက်စားခဲ့တာ
သေမတတ်နာကျင်စေခဲ့တဲ့
အသဲကွဲပြက်လုံးတွေဖြစ်ခဲ့တယ်ဆိုတာ
ငါကလွဲပြီးဘယ်သူမှာသိနိုင်မှာလဲ..။။

သိပ်ချစ်လို့ပါ

http://i319.photobucket.com/albums/mm460/VampireBloodrace1441/Anime%20Boy/WayLonely-1.png?t=1242061983
 
 
ချစ်သူ...
လွမ်းရဲလို့လမ်းခွဲတာကို
ငါဘယ်လိုလုပ်ရပါ့မလဲ
အမြင်မှန်မရှိသူတစ်ယောက်အတွက်
ရင်ခံစ၇ာအကြောင်းရှိကောင်းပါ့ရဲလားလို့
ငါကိုယ်ငါမေးမိတာလည်း
အကြိမ်ကြိမ်ပါပဲ..။

နာကျင်မတတ်ခံရနေရရင်တောင်
ခံနိုင်ရည်အပြည့်ငါမှာရှိမယ်ထင်ရဲ့
ဘာလို့ဆို...........
 မင်းကိုတောင်ငါချစ်ရဲခဲ့သေးတာပဲလေ
မင်းအချစ်ကပုံပြင်တစ်ပုဒ်ပါလို့ပြောရင်
ငါကပုံပြင်ထဲမှာမင်းသားဖြစ်ခဲ့ရလို့
ဝမ်းသာတယ်။

မင်းအချစ်က ဒဏ္ဍ၇ီတစ်ခုလို့လမ်းခွဲ၇င်
ငါနဲ့မင်းရဲ့ဒဏ္ဍရီဆိုတာ ကျန်ရစ်ခဲ့လို့
ကျေနပ်တယ်။

မင်းအချစ်ကသမိုင်းမတွင်နိုင်တဲ့
စိတ်ကစားရုံ အပျော်သက်သက်ပါလို့
ဇာတ်သိမ်းမယ်ဆိုရင်လည်း
ငါပြုံးနေမှာပါ။

မင်းစိတ်ကစားမိတာငါဖြစ်နေလို့ပါပဲ
ငါကပုံပြင်တွေမပြောတတ်ဘူး
ငါအချစ်ကဒဏ္ဍရီလည်းမဆန်ဘူး
ဒါပေမဲ့ သမိုင်းတွင်အောင် ချစ်ခဲ့တာပါ
စိတ်ကစား၇ုံအပျော်သက်သက်
မဟုတ်ခဲ့ပါဘူး။

မင်းကြောင့်ငါအသဲရစရာမကျန်တော့ဘူး
ဒါကိုမင်းမသိစေရပါဘူး
မင်းကိုလွမ်းနေမှာပါ။

ဒါလည်းမင်းမြင်စေရဘူး
မင်းကိုငါမေ့နိုင်လားဆိုတာ
ငါဘဝမှာအခက်ခဲဆုံးပုစ္ဆာတစ်ပုဒ်ပါ
အဲဒီအကြောင်းကိုလည်း
စာအုပ်လေးထဲမှာပဲငါအမြဲသိမ်းထားနေမှာပါ။

ဒါတွေဟာ......
ပြတ်သားတယ်ဆိုတဲ့မင်းစိတ်
ငါကြောင့်ပျက်စီသွားမှာစိုးရိမ်
လို့ပါချစ်သူရယ်. ..။။

ယုံချင်ယုံမယုံချင်နေ

http://www.pxleyes.com/images/contests/jumping%20couple/fullsize/jumping%20couple_4c07c805442ee.jpg

 
မင်းကြွေအောင်
စကား
လုံးလှလှလေးတွေ
သုံးနှုန်းပြနေတာမဟုတ်ဘူး
မင်းအချစ်ကိုရချင်တဲ့
ငါ့ နှလုံးသားရဲ့နှိုးဆော်လိုက်တဲ့
အသွေးအသားထဲကစကားတွေပါ။

မင်းကျေနပ်အောင်
လွမ်းပြနေတာမဟုတ်ဘူး
နင်ကိုမှတသသဖြစ်နေတဲ့
ငါ့ နှလုံးသားက
အလွမ်းနာကျနေတာပါ
မင်းကို24 နာရီလုံးသတိရတယ်
မပြောမိပါဘူး။

ဒါပေမဲ့...
မနက်အိပ်ရာထ မျက်လုံးနှစ်လုံး
မဖွင့်ခင်ကတည်းက
ငါရင်ခုန်သံတွေက နင်နာမည်ကို
ရွတ်ဆိုနေတာပါ
နင်ကိုအလေးထားဆုံးပါလို့တော့
ငါမပြောဘူး။

သို့ပေမဲ့............
ဒီလောကကမ္ဘာမှာ
ငါ့တန်းဖို့ထားဆုံးမိန်းမက
ငါ့အမေပြီးရင်နင်ပဲ အခြားမရှိ
ယုံပါ....ယုံကြည်ပါလို့
ငါမပြောဘူးနော်............
ဒါပေမဲ့ဟာ
လူသားတိုင်းက ကိုယ့်ချစ်သူရဲ့
ယုံကြည်မှုလိုချင်ကြတာလေးပဲ
နင်သိပေးပါ..............။။

ငါရဲ့ အားနည်းချက်

http://luna.typepad.com/photos/uncategorized/point_of_imagination.jpg

ကောင်မလေး.....
အကြောင်းဆိုတာရှိလို့ အကျိုးတရားဆိုတာ
ဖြစ်တည်ခဲ့တာပါ
တို့နှစ်ယောက်ကြားက
အကြောင်းတရားကြောင့်
(အသဲကွဲခြင်းဆိုတဲ့)အကျိုးတရား
ပေါ်ပေါက်လာခဲ့ပြီလေ...........


ကွေ့ကောက်လွန်းတဲ့မြစ်တစ်စင်းလိ
နင်ပြောင်းလဲသွားချိန်ထိ
ဦးဏှောက်မဲ့စွာ
ခွင့်လွှတ်ပေးခဲ့တာပဲ
နင်သိပ်မက်မောတဲ့
ကောင်းကင်ကသက်တံလို
အေ၇ာင်စုံမရှိတဲ့ငါရဲ့ဘဝကို
နင်တကယ်မလိုချင်မှန်း
နောက်ကျမှရိပ်မိခဲ့တာပါ....


နင်ပြောတဲ့စကား
(ပြန်ကြားယောင်မိပါရဲ့)
နင်ကလွဲပြီးဘယ်သူမှမချစ်ရဘူးတဲ့
ငါမချစ်ခဲ့ပါဘူး..နင်ကသာ......


ငါကလွဲ အကုန်လုံးကိုချစ်ဖို့ကြံခဲ့တာေ
အရိုးကွဲအောင်ရိုက်မှအသဲစွဲအောင်ချစ်တဲ့ဆိုတဲ့
စကားအတိုင်း
နှလုံးသားလေးပေါက်ထွက်မတတ်
နာကျင်နေတာတောင်
မူးမူးရူးရူးနဲ့
ဆက်ချစ်ချင်နေမိတုန်းပဲ...


အစက...
ယုန်တွေထက်ဖြူစင်တယ်လို့
ငါသတ်မှတ်ထားတဲ့နင်က
မြေခွေးတစ်ကောင်လို
ကောက်ကျစ်ခဲ့တာတော့
တရားနဲ့ဖြေမရသလို
အရက်နဲ့ဖြေလည်းအရာမေ၇ာက်တော့ဘူး....


ဒသဂီရီလို အချစ်ကြီးတတ်ခဲ့ပေမဲ့
လက္ခဏာလိုတော့ ....
သဘောထားမကြီးတတ်ခဲ့တာ
ငါရဲ့အားနည်းချက်တစ်ခုလို့ပဲ
နင်ကိုယ်တိုင်ပဲ သတ်မှတ်လိုက်ပါတော့............
....။။

မုန်းလည်းမုန်းတတ်ပါတယ်

http://imagecache.artistrising.com/artwork/lrg//3/302/3SD7000A.jpg

ဖုန်းမဆက်နဲ့တော့ချစ်သူ
ပြောစရာစကားမရှိတော့တဲ့အတူတူ
စိတ်ကောက်ပြမနေနဲ့ချစ်သူ
အ၇င်လို့ငါမချော့တော့မဲ့အတူတူ
ရှင်းပြမနေနဲ့ချစ်သူ။

အနေဝေးလို့သွေးအေးတယ်ဆိုတဲ့
အဆိုပြုချက်ကိုလက်မခံနိုင်တော့တဲ့အတူတူ
လိမ်ညာချင်မနေနဲ့ချစ်သူ
မင်းသစ္စာမရှိတာ ငါသိခဲ့တဲ့အတူတူ
လှည့်မကြည့်နဲ့တော့ချစ်သူ။

မချစ်တော့မဲ့အတူတူ
စိုးရိမ်ပြမနေနဲ့ချစ်သူ
ဘာမှမဆိုင်တော့မဲ့အတူတူ
သတိရမကြေးချစ်သူ။

မေ့ပစ်တော့မဲ့အတူတူ
ပြုံးပြမနေနဲ့တော့ချစ်သူ
အရင်လိုရင်မခုန်တော့မဲ့အတူတူ
စကားတွေဖောင်ဖွဲ့မနေချင်တော့ဘူးချစ်သူ။

လမ်းခွဲမဲ့အတူတူ
ကိုယ့်အပြစ်ကိုသိရင်
ဝဲနေတဲ့နင်မျက်ရည်တွေ
မကျခင်ငါေ၇ှ့ကထွက်သွားပေးပါချစ်သူ။

လက်ကျန်သံယောဇဉ်လေး
ခုန်ထွက်လာမှာစိုးလို့ပါ
(အော်..ဒါနဲ့..ခဏ)
နင်ကိုအရမ်းချစ်တယ်ပဲ
ပြောခဲ့တဲ့ငါကိုခွင့်လွှတ်ပါချစ်
သူ
တောင်းလည်းတောင်းပန်ပါတယ်
ငါအရမ်းလည်းမုန်းတတ်တယ်ဆိုတာ
ပြောဖို့မေ့နေခဲ့လို့ပါ........
.......။။

ငါလိုပဲလွမ်းပေးပါဟာ


ချစ်သူ...
ငါ နင်အကြောင်းစဉ်းစား
ဒီစာေ၇းနေချိန်မှာ
နင်ေ၇ာ
ငါ့အကြောင်းစဉ်းစားနေတတ်ပါ့မလား။

ငါ သိပ်သတိရလို့
နင့် ဓါတ်ပုံလေးတွေ
ထုတ်ကြည့်နေချိန်
နင်အတွေးပုံရိပ်မှာ
ငါရှိနေနိုင်ပါ့မလား။

ငါအရမ်း လွမ်းနေမိလို့
ငေးမှိုင်တွေဝေနေချိန်တွေ
နင် ကော ငါအတွက်
ပူပန်နေတတ်ပါ့မလား။

ငါတစ်ယောက်တည်း
အထီးကျန်နေချိန်
အပေါင်းအသင်းတွေနဲ့
နင်ပျော်ရွှင်နေမလား။

တွေ့ချင်စိတ်နဲ့
အရူးမီးဝိုင်းနေချိန်
နင် တခြားအကြောင်းတွေးကာ
၇ယ်နေမလား...။

ငါလွမ်းနေချိန်တွေမှာ
နင်မှ သတိရပါ့မလားဆိုတဲ့
မေ၇မတွက်နိုင်တဲ့ မေးခွန်းမြောက်များစွာနဲ့
နင်ကို တမ်းတ နေချိန်
တခြား တစ်ယောက်နဲ့
နင်ပြုံးပျော် နေမလား ချစ်သူ
နင် ငါကိုလွမ်းနေချိန်
ငါ နင်ကို သတိရရ မနေရင်
ငါကိုမေ့ပစ်လိုက်ပါ။

နင် အိပ်နေချိန်တွေမှာ
ငါနင်အကြောင်းစဉ်းစားမနေဘူးဆိုရင်
ငါကိုမုန်းပစ်လိုက်ပါ
နင်တစ်ေ၇းနိုးချိန်
ငါအတွေးထဲ နင်မရှိရင်
ငါကိုဖြတ်ပစ်လိုက်ပါ။

နောက်ဆုံးဟာ.....
ငါအိပ်ပျော်နေချိန်
ငါအိပ်မက်ထဲနင်မရှိရင်
ငါကိုသတ်ပစ်လိုက်ပါ ချစ်သူရယ်။

တစ်ရက်မှာ24နာရီပဲသတ်မှတ်ခဲ့တာကိုပဲ
ငါကျေးဇူးတင်နေမိပါတယ်
တစ်ရက်မှာသာ နာရီပေါင်3း60လောက်ရှိမယ်ဆို
နင်ကိုနေ့တိုင်3း60နာရီလုံး
သတိရ လွမ်းဆွတ် တောင်းတ တမ်းတ နေမိဦးမှာပါပဲ
ချစ်ရသူရယ်....................။။

 

နင်သာပျော်မယ်ဆို

angel.jpg

အရမ်းချစ်တဲ့ ငါအချစ်တွေ
ခုတုံးလုပ်
ဝေးနေတာကိုအခွင့်ကောင်းယူ
ယုံကြည်မှုကို
အလွဲသုံးစားလုပ်ရက်တဲ့ ချစ်သူေ၇......
နောက်ကွယ်မှာ နောက်တစ်ယောက်မကဘူး
ဆယ်ယောက် တွဲမယ်ဆိုလည်း ထားပါတော့
နင်ပျော်မယ်မလား
ငါကျေနပ်တယ်.။။

အလျော့ပေးခြင်းတွေကိုကြိုးကိုင်

နားလည်းခွင့်လွှတ်ခြင်းတွေ
အားကိုးနဲ့
အမှားလုပ်ပြီးမှ တောင်းပန်မနေပါနဲ့တော့
ငါကခွင့်လွှတ်ပြီးသားပဲ
စိတ်အလိုကျနေပါတော့
စိတ်ရှိတိုင်းလုပ်ပါတော့။

အစကတည်းက

မချုပ်ခြယ်ခဲ့သလို
တားဆီးဖို့လည်း
မကြိုးစားခဲ့မိပါဘူး
သိပ်ချစ်လို့ စိတ်ပူတာ
စိတ်မချတာ အပြစ်ဆိုလည်း
ခံယူပါ့မယ်
နင်ကျေနပ်မယ်မလား
ငါပျော်မှာပါ။

ပျော်ပျော်နေတတ်တယ်ဆိုတဲ့နင်

နေသာစွာ နေတတ်မှန်း
ငါသိရှိပြီးခဲ့ပါပြီ
ငါက..မနာတတ်
မခံစားတတ်
မနာကျင်တတ်
မကြေကွဲတတ်
မငိုတတ်တဲ့ စက်ရုပ်တစ်ရုပ်မှမဟုတ်တာ ချစ်သူရယ်
နင်သာ ငါနေ၇ာမှာဆို
ဘာတွေဘယ်လိုဆုံးဖြတ်မလဲ
ငါအရမ်းသိချင်တယ် ချစ်သူ.......။။

Thanks ပါချစ်သူ

alone3.jpg

ချစ်သူ...........
ဝေးကွာနေတဲ့နင်နဲ့ငါကြား
လွမ်းဆွေးတမ်းတမှူတွေ
ကြီးမားခဲ့တယ်နော်
ဖုန်းထဲကနင်စကားတွေကြောင့်
လွမ်းဖို့အင်အားတွေပြည့်ခဲ့တယ်
အီးမေးလ်ထဲကနင်စာလေးတွေကြောင့်
မျှော်လင့်ခြင်းတွေ
အေ၇ာင်ပိုတောက်ခဲ့တယ်။


ငါကိုလွမ်းတယ်ဆိုတဲ့
စကားလေးကြောင့်
ကြေကွဲခြင်းတွေအတွက်
ငါနှလံးသားမှာခံနိုင်ရည် ရှိခဲ့တယ်။


အပြင်မှာတွေ့ဖို့
မဖြစ်နိုင်ခဲ့ပေမဲ့........
vzo ကနင်ပုံရိပ်တွေကြောင့်
ငါနှုတ်ခမ်းတွေ ပြုံးလာစေတယ်။


ရယ်နေတဲ့
နင်နှုတ်ခမ်းလေးကြောင့်
စိုးရီမ်ပူပန်စိတ်တွေ
လျော့စေခဲ့တယ်
အပူပင်ကင်းတဲ့ နင်မျက်နှာလေးကြောင့်
စိတ်မချခြင်းရာခိုင်နှန်းတွေ
လျော့ချခဲ့ပြီ...
ဒါပေမဲ့.........
နင်ကိုချစ်တဲ့ငါအချစ်တွေကတော့
တိုးမြဲတိုးနေဆဲပါချစ်သူရယ်
အ၇ာအရာအတွက်လည်း
နင်ကိုကျေးဇူးတင်မိတယ်ကောင်မလေး
ရ ယ်...............။။

လွမ်းနေချစ်နေဆဲပါ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8s2h3QidGWU-pTh3iPecCk9K2cN0wWodLvmJRqgmWB1nCC-RhGbNqTMGDvmSkVymnPgPwEqZK3phAdnKgEStKi_TKwEJbi1KIY5MByZ9sSWQI7c0uc9Xfa1nww_Y8dxPh70EK59shs6I/s1600/20080829_LonelyBoy.jpg

ကောင်မလေးေ၇............
လွမ်းနေရင်း သတိရနေမိပါတယ်
ငါနဲ့နင်ရဲ့အဝေးမှာရှိနေပေမဲ့
ဂျစ်ကန်ကန် အကျင့်တွေ
ပျောက်နိုင်သမျှဖျောက်ရင်း
လိုက်လျောညီထွေနေတတ်အောင်
နေနေပါတယ်။


ရုးမတတ်တဲ့ လွမ်းမိတဲ့အခါ
သေလောက် ကြေကွဲနေတဲ့အခါတိုင်းမှာ
ပျော်ရွှင်သလိုဟန်ဆောင်တတ်ပါပြီ
တစ်ခါတစ်လေ မူးယစ်စေတဲ့အ၇ာတွေ
သောက်ရင်းနင့်အကြောင်းတွေကို
ရင်ဖွင့်ဖြစ်ခဲ့တယ်။


ကလေးဆန်ပြီးသိပ်ဆိုးတတ်တဲ့
နင်အကျင့်လေးတွေအကြောင်း
တွေးမိတိုင်း ငါပြုံးမိတယ်
ဘာလိုလိုနဲ့ ငါတို့မဆက်သွယ်ဖြစ်တာလည်း
ကြာခဲ့ပြီနော်...။


ဝေးနေရတာတွေများလွန်းလို့
ခံနိုင်ရည်မရှိမှာထက်
နင်ပြောင်းလဲသွားမှာပဲ
ငါစိုးရိမ်နေရတယ်ချစ်သူရယ်။


အိပ်မက်ထဲမှာအကြိမ်ကြိမ်ဆုံနေရပေမဲ့
တကယ်လက်တွေ့မှာ
နင်ရှိရာ ငါလှမ်းမလာနိုင်တဲ့
ငါကိုယ်ငါ မုန်းတီးမိနေပြီ
ပြန်ဆုံချိန်မှာ.....
နင်နှလုံးသားက ငါအချစ်တွေကို
မမှတ်မိတော့ရင်
နင်အချစ်တွေကိုမမေ့နိုင်တဲ့
ငါနှလုံးသားလေးကို
မှုန်ဝါးဝါးလေးတော့ 

သတိရပေးစေချင်တယ် ချစ်သူရယ်..။။


စောင့်မျှော်နေဆဲပါချစ်သူ


http://iphonewallpaperonline.com/wp-content/uploads/2011/07/Lonely-Boy-Vector.png

မျက်ရည်တွေ စီးဆင်းခဲ့ဖူးတယ်
ကဗျာစာ တစ်ကြောင်းတိုင်းမှာ
သူ့ ပုံရိပ်တွေနဲ့အတူ 

ကျွန်တော်အချစ်တွေ
ရောယှက်နေခဲ့တယ်။

တစ်ချိန်က အတူတူရှိခဲ့ဖူးတဲ့နေ့စွဲတွေ
သူနဲ့ကျွန်တော်ကမ္ဘာ
ဧဒင်ဥယျာဉ်ထက်သာယာခဲ့တယ်
အနမ်းတွေ အငွေ့သက်တွေ
ချစ်စရာအပြုအမှုလေးတွေ
အရာအားလုံးဟာလှပနေခဲ့တယ်။

ခုတော့...သူ
 ကျွန်တော်ရဲ့အဝေးကိုရောက်နေပါပြီ
ကဗျာလေးတွေကိုသက်သေထူရင်
ကျွန်တော်အလွမ်းတွေကို
စာကြောင်းလေးတွေအဖြစ်ပဲ
ပြောင်းထားလိုက်တယ်။

ကျွန်တော်အချစ်တွေနဲ့အတူ
စောင့်မျှော်ခြင်းတမ်းခြင်းတွေလဲ
နေ့တိုင်းရွတ်ဆိုနေမိတယ်
ကောင်မလေးရယ် နင်ကိုငါအမြဲ
မျှော်လင့်နေတယ်ဆိုတာ
နင်သိနိုင်ပါစေ.....။

(ပြန်ဆုံမဲ့တစ်နေ့ကို)
စောင့်မျှော်နေဆဲပေါ့....။။

ပုံပြောကောင်းတဲ့နင်စကားပုံတွေထဲမှာနေခဲ့ပေါ့

http://fc02.deviantart.net/fs70/i/2010/327/0/c/lonely_boy_vol_2_by_pedrozsa-d33fnyh.jpg

ချစ်သူ...ချစ်သူ
နင်ကငါကိုပုံပြင်တွေပြောတိုင်း
နားဝင်တတ်တယ် ကလေးတစ်ယောက်လို့များ
ငါကိုသတ်မှတ်ထားတာလား။

ယုန်တောင်ပြေး ခွေးမြောက်လိုက်ဆိုသလို
ငါနှလုံးသားရဲ့ဆန့်ကျင်ဘက်ကို
နင်ပြေးသွားလည်း သွားပါတော့။

ပျော်ရာမှမနေရ
တော်ရမှာနေရ ဆိုသလို
ငါမလိုက်တော့ဘူး..
ဖွတ်မရဓါးမဆုံးတော့အဖြစ်မခံနိုင်ဘူး။

နင်နဲ့အတု ငါ့နှလုံးသားကိုပါ
ထည့်မပေးနိုင်တော့တာ ဆောရီးပါ
ခွေးမြီးကောက် ကျဉ်ထောက်စွပ်ဆိုတဲ့အတိုင်း
ပျက်အစဉ် ပြင်ခဏဖြစ်နေတဲ့
ဂဏာမငြိမ်နိုင်တဲ့နင်နှလုံးသားနဲ့
နင်စိတ်တွေကို
ဦးထိပ်မှာပန်ဆင်ဦးမယ်ပြောတဲ့အထိတော့
ငါမရူးသွပ်ခဲ့ပါဘူး..။

ရင်ဖုံးနဲ့စကတ် ကြည့်မကောင်းသလို
တိုက်ပုံနဲ့ဘောင်းဘီဟာလည်း
ပနံမသင့်ဘုးလေ
အဲလိုပဲ...
နင်နဲ့ငါဟာလည်းမလိုက်ဖက်မှန်း
ငါသိသွားပြီ...။

အမေကျော်ထွေးတော်လွမ်းချင်နေတဲ့နင်
ဆက်သာလွမ်းပေတော့...
ရေကန်အသင့်ကြာအသင့်မရှိတဲ့ငါဘဝ
နင်မရှိလည်း တင့်တယ်ပါတယ်ဟာ
မရှိတာထက်မသိတာပါခက်ပါတယ်။

မရှိတာကိုအရှိလုပ်နေတဲ့နင်
ခလုတ်ထိမှ ငါကိုမတနဲ့
နောင်တဆိုတဲ့အတိုင်းပေါ့
နောင်မှလည်းငါကိုမတောင်းတနဲ့
ခုချိန်မျိုးမှာ..
ခွင့်လွှတ်နိုင်မလား...
နားလည်ပေးမလား လာမမေးနဲ့။

ယုန်ကလေးနှာစီးနေတယ်ဟ..
နင်ကသိုးရေခြုံတဲ့ဝံပုလွေ မဟုတ်ဘူး
နင်ကဆင်သေကိုဆိတ်သေ၇နဲံ့
ဖုံးချင်နေတာလေ....။

စိတ်မကောင်းပါဘူး ချစ်သူရယ်
လက်မ မကောင်း လက်မ
ခြေမ မကောင်း ခြေမ
ဖြတ်ပစ်ရမှာပဲလေ....။

ဘယ်လိုပဲကြည့်ကြည့်
ဘာတစ်ခုမှ ကောင်းကွက်မရှိတော့တဲ့
နင့်နှလုံးသားနဲ့ နင်စိတ်တွေကို
တစ်ဘဝလုံးစာအတွက်
ငါဖြတ်ခဲ့ပါတယ် ချစ်သူ.....

ပျော်ပျော်လေးပဲလမ်းခွဲကြတာပေါ့

http://nostradamus777.files.wordpress.com/2011/07/lonely_boy_by_neale.jpg

မျှော်လင့်နေရတဲ့ဘဝတွေရဲ့
မျှော်လင့်ချက်မဲ့ခဲ့ရတဲ့အဖြစ်ေ
တွ
ဘယ်လောက်ဟန်ဆောင်ကောင်းခဲ့ကောင်းခဲ့
ဟန်မဆောင်နိုင်တဲ့မျက်ဝန်းတွေရဲ

ဘာသာက မျက်ရည်တွေကိုတော့
သင်ခန်းစာအဖြစ် ပို့ချချင်မိတာပဲ။

ခပ်မိုက်မိုက်လွမ်းဖို့အတွက်
အရက်တွေကို သောက်နေတာမဟုတ်ဘူး
မွန်းကြပ်နေတဲ့ရင်ထဲကစကားတွေကို
ဖွင့်ဟချင်လို့သောက်သုံးနေမိတာပါ
အခြေမခိုင်တဲ့ မင်းကတိတွေအတွက်
အသေယိုင်လဲနေတဲ့ ငါနှလုံးသား
ကုန်းရုန်းထဖို့ငါမကြိုးစားချင်ဘူး။

မသေနိုင်ပေမဲ့လည်း
သေလောက်အောင် ခံစားရတာတော့
ငါလိမ်ညာပြီး မငြင်းချင်ပါဘူး။

ငါရဲ့ရူးသွပ်ခြင်းတွေကို
ဘယ် စိတ်ရောဂါအထူးကု ဆရာဝန်နဲ့
ပြသရပါ့မလဲ
မင်းရဲလိမ်ညာခြင်းတွေကိုေ၇ာ
ဘယ်နတ်ဘုရားထံမှာ
ကျိန်ဆိုပြမလဲ ချစ်သူ။

ငါနားမထောင်ချင်တော့ပါဘူး
မင်း ချစ်ခြင်းရဲ့ ဖွင့်ဆိုချက်တွေကိုပေါ့
ခံစားလက်စနဲ့ ငါဆက်ပဲ ခံစားနေတော့မယ်
အချစ်အတွက် ကျရှုံးရမယ်ဆိုရင်တောင်
ယောင်္ကျားတန်မဲ့တော့
ဒူးမထောက်ပါရစေနဲ့ဟာ
အသဲကွဲဖို့ ကံပါလာခဲ့မယ်ဆိုလည်း
ပျော်ပျော်ကြီးနဲ့ပဲ အခွဲခံတော့မယ် ။

ဒါကြောင့် .................
မင်းနဲ့ငါ
ပျော်ပျော်လေးနဲ့ပဲ 
လမ်းခွဲကြတာပေါ့ 
ချစ်သူရယ်...။။

ခေါင်းစဉ်မရှိ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLA72tiblVcN7vV1MlCNOW2o2l4w1JZ0XRLB1MYPMi6t_uLkVEUybLauEjs1kcKx7vfWvNX4MgtJ11P8s4qlk0AMQt8HWMpX2d6ZmUzGe_GGQih-O4OG777gsAaBSaX4HacloDZcNbMXzj/s320/Lonely_boy.jpg

ကောင်မလေးရယ်
ငါက နင့် ကို
မုန်းလို့ မရလို့ ချစ်ခဲ့တာလည်း
မဟုတ်ခဲ့ပါဘူး။

ချစ်ချင်လို့ကို ချစ်သွားခဲ့တာပါ
တကယ်လို့များပေါ့ဟာ
ချစ်လို့မရတော့ရင်တောင်
မုန်းတယ်လို့ ငါဘယ်တော့မှ
ပြောဖြစ်ခဲ့မှာမဟုတ်ပါဘူး
ကောင်မလေးရယ်.........။

နင်ကို သတိရနေလို့လည်း
မမေ့ခဲ့တာ မဟုတ်ခဲ့ဘူး
နင်ကိုက ငါအတွေးထဲမှာ
အမြဲတမ်း ရှိနေခဲ့တာလေ
နင်ကို လွမ်းလို့လည်း
ငါမငိုတော့ပါဘူး။

ဒါပေမဲ့ ......
ငါလေ
တမ်းတမှုတွေထက်ပိုတဲ့
တောင်းတခြင်းမျိုးနဲ့
နင်ကိုငါအနားမှာရှိစေချင်ခဲ့တယ်။

မဖြစ်နိုင်ဘူးဆိုတဲ့အတွေးကို
တွေးမိတတ်နဲ့ငါဦးနှောက်တွေကို
ငါပျက်စီးပစ်လိုက်ချင်တယ်ဟာ
နင်နဲ့ပက်သက်ရင်
မဖြစ်နိုင်ဘူးဆိုတဲ့အတွေးမျိုး
မရှိစေချင်လို့ပါ ကောင်မလေးရယ်..။။

ငါရဲ့အချစ်တွေမှာ 
အကြောင်းပြချက်မရှိဘူး
ဒါကြောင့် ဖြေရှင်းဖို့ငါမတတ်နိုင်ပါဘူး။

အချစ်မှာ ...
အချစ်တွေပဲရှိနေလို့
ငါရဲ့အချစ်တွေမှာ ...
ခေါင်းစဉ်မရှိနိုင်ပါဘူး 
ကောင်မလေးရယ်.

1 comment: