တီးမယ်

Tuesday, August 23, 2011

ငါ စုံရပ်နေဦးမှာပါ……


မင်းရဲ့ စကားတွေ ဓါးသွားထက်ပြင်းလို့
ငါ့ရဲ့ ရင်ကို မွခြေ………
ငါ့မှာ နာကျင်မှုတလှည့်
ချိုမြိန်မှုတလှည့်…. ခံစားရခက်
ဟိုးးးးးး အဝေးကြီးကို လှမ်းမျှော်ကြည့်လိုက်ရင်
ငါ့ဘက်က အလံဖြူတွေ ထပ်ထပ်ပြီး စိုက်ထူရဦးမယ်ဆိုတာ
သိပင်သော်ငြားလည်း … ငါ စုံရပ်နေဆဲ……….
မင်းရဲ့ အချစ်၊ မင်းရဲ့ နာကျင်မှု၊ မင်းရဲ့ ပေးဆပ်မှု၊ မင်းရဲ့ စတေးမှု၊
မင်းရဲ့ ခွင့်လွှတ်မှု၊ မင်းရဲ့ ……… မင်းရဲ့ …………………. မှုတွေ
ငါ ဘယ်လို သင်ပုန်းချေရမလဲ၊ ငါဆိုတဲ့ ငါ ဒီကမ္ဘာမှာ ပိုင်ဆိုင်တာဆို
မင်းတစ်ယောက်တည်းပါ ……………
မင်းရဲ့ ရင်ထဲ မိုးမရွာဘဲ ဖြေသိမ့်နိုင်မယ်ဆိုရင်တော့
မင်းရဲ့ နာကျင်မှုပျောက်နိုင်ကောင်းတယ် ဆိုရင်တော့……….
မင်းရဲ့ စတေးမှုတွေ ပျောက်နိုင်ကောင်းတယ် ဆိုရင်တော့…………………
မင်းရဲ့ မျိုသိပ်မှုတွေ ပျောက်နိုင်ကောင်းတယ် ဆိုရင်တော့………..
………………………………
မင်းအတွက် ငါ……….

No comments:

Post a Comment