တီးမယ်

Wednesday, August 3, 2011

ဘယ်သူသိနိုင်မှာလဲ

နင်မရှိရင်အသက်ဆက်မရှင်ဘူးလို့ 
ရုပ်ရုင်တွေထဲကလို
ငါမကြွေးကြော်တတ်ပေမဲ့ 
နင်မရှိရင်င့ါမျှော်လင့်ချက်တွေ
ပျောက်ဆုံးနေတတ်တာ
နင်မရှိရင်ငါမနေနိုင်ဘူးလို့ 
ပုံပြင်တွေထဲကလို
ငါမပြောတတ်ခဲ့ပေမဲ့ 
နင်မရှိရင်ငါ့နေ့ ရက်တွေအသက်မဲ့ နေခဲ့ တာ
နင်နဲ့ ဝေးရင်ငါသေမှာပဲလို့ 
သူများတွေလိုမိုက်ရှုးရဲဆန်ဆန်
ငါမပြောတတ်ပေမဲ့ 
နင်နဲ့ ဝေးရင်င့ါရင်ခုန်သံတွေ
ရပ်တန့် နေခဲ့ တာတွေ
ဒါတွေအားလုံးဘယ်သူသိနိုင်မှာလဲချစ်သူရယ်…

No comments:

Post a Comment