တီးမယ်

Wednesday, August 3, 2011

စိတ်ကဗျာ


စိတ်တွေကိုအဆင်ပြေသလိုခင်းကျင်းလိုက်တဲ့အခါ
စကားလုံးတွေမခမ်းနားတတ်ဘူး…..
စိတ်တွေကိုငိုတတ်သလိုငိုချခွင့်ပေးလိုက်တဲ့အခါ
စကားလုံးတွေမခမ်းနားတတ်ဘူး….
အလေအလွင့်အတွေးတွေကိုရိုးသားခွင့်ပေးလိုက်တဲ့အခါ
စကားလုံးတွေမခမ်းနားတတ်ဘူး….
ငိုနေသလား ၊ ပျော်နေသလား
ကြေကွဲနေသလား ၊ ဆွေးနေသလား
မျှော်လင့်နေသလား ၊ ဥပေက္ခာပြုထားသလား
စိတ်တွေကိုအဲဒီမှာဖတ်ပါ
စိတ်တွေကိုကဲ့ရဲ့ပါ
စိတ်တွေကိုအပြစ်တင်ပါ
စိတ်တွေကိုရှုံ့ချပါ
စိတ်တွေကိုဝေဖန်ပါ
စိတ်တွေကိုချီးမွမ်းပါ
လွတ်လပ်စွာကွဲလွဲပါ
သနားတတ်တဲ့အကြည့်တွေကိုတော့ထိန်းသိမ်းပါ
ကြံ့ခိုင်နေပါအုံးမယ်…။။။
အမရာ

No comments:

Post a Comment