တီးမယ်

Sunday, September 11, 2011

ကမ္ဘာပေါ်မှာရှိတဲ့အလှဆုံးနေရာတွေ

Friday, December 24, 2010

ဂျပန်နိုင်ငံ၏ ဟိုက်ဝေးတံတားလမ်းလွှဲစနစ်များ

ဂျပန်နိုင်ငံ၏ ဟိုက်ဝေးတံတားလမ်းလွှဲစနစ်များ




ရှပ်ထွေးပွေလီစွာ သွားလာနေကြတဲ့ ကားရောင်စုံတွေအတွက် လမ်းပိတ်ဆို့မှုမဖြစ်အောင် ပြုလုပ်ထားတဲ့ ဂျပန်နိုင်ငံရဲ့ လမ်းလွှဲစနစ်များအကြောင်းကိုကျွန်တော်တို့လေ့လာကြည့်ကြရအောင် ။ ၀ိုး...ခေတ်မှီ ဗိသုကာလက်ရာတွေနဲ့ ယဉ်ကြောစနစ်တွေက အံမခန်းဖွယ်ရာပါပဲ ။ စက်ဝိုင်းသဏ္ဍာန်တံတားကြီးတွေနဲ့ အကွေ့အကောက်လမ်းမတွေ အရာအားလုံးဟာ သေသပ်လှပစွာနဲ့ ဂျပန်နိုင်ငံရဲ့ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်ပြသလို့နေပါတယ် ။ မိုးထိမြင့်တဲ့အဆောက်အဦးတွေကြားမှာ အကွေ့အကောက်များတဲ့ တံတားတွေက ကောင်းကင်ယံကနေဖြာဆင်းနေသလိုပါပဲ ။
ဆက်လက်ဖတ်ရှုရန်......

Wednesday, October 20, 2010

ရိုလာကိုစတာလမ်းမများ

ရိုလာကိုစတာလမ်းမများ




ဝိုးးးးးးး မယုံကြည်နိုင်ဖွယ်ရာပါပဲ ။ မြေလှိုင်းတွန့်ပုံသဏ္ဍာန်လမ်းမတွေပေါ်မှာ ကားစီးရင်း ခရီးသွား လိုက်ရရင် တော့ ရိုလာကိုစတာ စီးနေရသလို သင်ခံစားရမှာအမှန်ပါပဲ ။ ဒါပေမယ့်သင် မျက်စိရှင်ရှင်ထား ဖို့တော့ လိုပါ လိမ့်မယ် ။ တစ်ဖက်ကနေ ကားလာနေသလား မလာဘူးလားဆိုတာကိုတော့ ကားမီးရောင် (သို့မဟုတ်) ဟွန်းသံ ပေးပြီး အချက်ပြမှသာ အဆင်ပြေမှာဖြစ်ပါတယ် ။ ရွှေပြည်ကြီးမှာလည်း ဒီလို ကားလမ်းမများ များများ ဖောက်လုပ်နိုင်ပါစေခင်ဗျာ ။ ဒါမှ ကားစီးရင်း ရိုလာကိုစတာ စီးရတဲ့အရသာကို ခံစားရမှာမို့ပါ ။
ဆက်လက်ဖတ်ရှုရန်......

Saturday, August 21, 2010

ရေလှိုင်းသံတွေကြားက မော်လမြိုင်ကျွန်းမြို့

ရေလှိုင်းသံတွေကြားက မော်လမြိုင်ကျွန်းမြို့




ဧရာဝတီ... မြန်မာပြည်သူပြည်သားတွေရဲ့ အသက်သွေးကြော....ရေလှိုင်းပုတ်သံတွေနဲ့ ရှုမငြီးတဲ့ ပန်းချီကား တစ်ချပ် ။ အဲဒီဧရာဝတီရဲ့ ရင်သွေးငယ်...မော်လမြိုင်ကျွန်း....။ လှပတဲ့ မော်လမြိုင်ကျွန်းကို ရစ်ခွေ စီးဆင်း နေတာကတော့ ရာဇူဒိုင်မြစ် ...။ ရေစီးက ညင်ညင်သာသာနဲ့ ကျယ်ပြောတဲ့ မြစ်ပြင်တစ်ခွင်ကြောင့် မြန်မာနိုင် ငံရဲ့အလှတစ်ပါးဆိုလည်း မမှားပါဘူး ။ ရာဇူဒိုင်မြစ်ဟာ နွေရာသီမှာ ပုံမှန်မြစ်ရေထက် ခြောက်ပေခန့် နိမ့်ကျ လေ့ရှိပြီး မိုးရာသီမှာတော့ ပုံမှန်ရေမျက်နှာပြင်ထက် ခြောက်ပေခန့် မြစ်ရေတက်လေ့ရှိပါတယ် ။
ဆက်လက်ဖတ်ရှုရန်......

Thursday, July 1, 2010

ရေခဲကုန်းမြေရဲ့ ဘဘာဝ အလှအပ ရှုခင်းများ

ရေခဲကုန်းမြေရဲ့ ဘဘာဝ အလှအပ ရှုခင်းများ


လူတွေ ရောက်နိုင်ဖို့ခက်ခဲတဲ့ နေရာတွေမှာ သဘာဝအလှအပတွေ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေ ဒုနဲ့ဒေး တည်ရှိနေကြတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပြီးဖြစ်ပါတယ် ။ ဒီတခါတော့ လူတွေရောက်ဖို့ရာ ခက်ခဲ လှတဲ့ ရေခဲကုန်းမြေဒေသတွေဆီက ရှုခင်းတွေကို သူငယ်ချင်းတို့အတွက် ဖော်ပြပေးလိုက်ပါတယ် ။ စက်ရုပ် ဆန်ဆန် မွန်းကြပ်မှုများတဲ့ ဘ၀တွေဆီကနေ စက္ကန့်ပိုင်းလေးဖြစ်ဖြစ် ဒီပုံလေးတွေကို ကြည့်ခြင်းအားဖြင့် ကျွန်တော် တို့ရဲ့ မနောဝိဥာဉ်တွေကနေတဆင့် ဘဘာဝတရားကြီးရဲ့ ပြောင်မြောက်တဲ့ ဖန်တီးမှုတွေကို ခံစား ကြည့်ကြပါစို့ ။
ဆက်လက်ဖတ်ရှုရန်......

No comments:

Post a Comment