တီးမယ်

Friday, September 9, 2011

နှလုံးသားပန်းချီ

နှလုံးသားပန်းချီ



ငါ့နှလုံးသားထဲ မင်း တီးတိုးဝင်ရောက်လာစဉ်
ခင်မင်မူအခန်းကျဉ်းထဲမှာ ဧည့်ခံခဲ့တာပါ

မင်းမျက်ဝန်း စေညွန်းရာနောက်
ငါ့ဘဝအခန်းတံခါးတွေ လစ်ဟခဲ့တာပါ
ငါ့ဘဝပန်းချီကား ညစ်တေးတေးကာလာနဲ့ 
ပဲ့ရွဲ့ နေတဲ့ နံရံတချို့ အတွက်
ငါခေါင်းငုံနေမိတယ်.....

မွန်းကြပ်ခြင်းတချို့ ကို မင်း အပြုံးနဲ့ တိုက်လွှင့်
ဖေးမခြင်း လက်တွေနဲ့ ကမ်းလင့်ခဲ့တုန်းက
ငါ့နှလုံးသား...ခပ်ကျဉ်းကျဉ်းအခန်းထဲကို
မင်းအပြုံးတချို့  သိုလှောင်ခဲ့မိတယ်

နှုတ်ခမ်းဖျားက သာယာသံတချို့ ငါစားသုံးခဲ့လို့ 
ငါ့ရင်ဘတ်က ခပ်ကျဉ်းကျဉ်းအခန်းထဲမှာ
နှလုံးသားတခု ကြီးထွားလို့ မွန်းကြပ်နေခဲ့တယ်
zip ခံပြီး print ထုတ်ဖို့ softwareတခုက
ငါ့ဘဝဖြစ်နေတာကြောင့် .........

နှလုံးသားပန်းချီခန်းထဲမှာပဲ မင်းဝင်ထွက်ပါ
ဘဝပန်းချီကား တချို့ အတွက် ဝေဖန်ခဲ့ပါ
ငါအမြတ်နိုးဆုံး မင်းအတွက်
ပြင်ဆင်ချယ်မှုန်းပ့မယ်

ငါ့နှလုံးသား ပန်းချီကားအတွက် မင်းဆီက
ပန်းခွေလှလှလေးကို မျှော်လင့်ရင်းနဲ့ ပေါ့....
I Love You
ချစ်ရသူရယ်..

No comments:

Post a Comment