တီးမယ်

Sunday, September 11, 2011

မယုံနိုင်ဖွယ်ရာ ရေပန်းပေါ်မှကား

မယုံနိုင်ဖွယ်ရာ ရေပန်းပေါ်မှကား

မယုံနိုင်ဖွယ်ရာ ရေပန်းပေါ်မှကား


ဒီရေပန်းပေါ်မှကားပြပွဲကို Italy မှ Rome မှာ ပြသခဲ့ပါတယ် ။ စပိန် အနုပညာရှင် Juan Galdeano က ရာသီဥတု ပူနွေးလာမှုကို သရုပ်ပြတဲ့အနေနဲ့ ဒီပြပွဲကို ရည်ရွယ်ပြုလုပ်ခဲ့ပါတယ် ။ မျှော်လင့်ချက်တွေနဲ့ပြည့်ဝ နေတဲ့ ကမ္ဘာကြီးကို ဒီ Global Warming ဆိုတဲ့ စာသားလေးကို သတိပြုမိစေဖို့အတွက်ဖြစ်ပါတယ် ။

ဒီပြပွဲဟာ ထိုင်ခုံပါတဲ့ အမိုးဖွင့်ကားတစ်စီးကို ဘယ်လို မျိုး ရေတွန်းကန်အားနဲ့ထောက်ပံ့ထားတယ်ဆိုတာ မြင်သာ ဖို့အတွက်ဖြစ်ပါတယ် ။ အမှန်တကယ်တော့ ဒီကားကို ရှုပ်ထွေးတဲ့ Installation တပ်ဆင်မှုတွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ် ။ ကဲ ကျွန်တော်တို့ လေ့လာကြည့်ကြပါစို့ ။ ဒီလိုကားတစ်စီးလုံးကို ဘယ် လောက်ပြင်းတဲ့ ရေတွန်းကန်အားနဲ့ တွန်းကန်ထားသလဲဆိုတာကိုပေါ့ ။
ဆက်လက်ဖတ်ရှုရန်......

Monday, July 5, 2010

ဒီကားကြီးစီးမလား

ဒီကားကြီးစီးမလား

ကားဒီဇိုင်းကတော့ အလန်ပါပဲ ။ အထဲမှာ ဘာတွေဆင်ထားသလည်းတော့ မသိပါဘူး ။ ဘက်ကြည့် မှန်တွေ ကလည်း အများကြီးပဲနော် ။ လေဆာတွေကျည်ဆံ တွေ အမြှောက်တွေလည်း ပါချင်ပါမှာ ဟီး ။ မမြင်ဖူးလို့ ကြည့် ထား ကြပေတော့ သူငယ်ချင်းတို့ရေ ။


ဆက်လက်ဖတ်ရှုရန်......

Saturday, July 3, 2010

ကို့ယို့ကားယားနိုင်သော ကားများ

ကို့ယို့ကားယားနိုင်သော ကားများ

ကမ္ဘာတ၀ှမ်းမှာရှိတဲ့ ကို့ယို့ကားယားနိုင်သော ရုပ်ဆိုးကားများကို ဖော်ပြပေးလိုက်ပါတယ် ။ ဆန်းသလား တော့ မမေးနဲ့ ဒီလိုဒီဇိုင်းတွေကို တခါမှမမြင်ဖူးပါဘူး ။ ကဲကျွန်တော်တို့အားလုံး ထူးဆန်းသော မော်တော် ကားများကို ဆက်ပြီးလေ့လာကြည့်လိုက်ရအောင် ။ ကြိုက်ရင်လည်း ၀ယ်သွားကြတာပေါ့ဗျာ ။




မုဆိုးကားထင်ပါတယ် ဂျိုတွေရော ကြိုးခွေတွေရော စုံလို့ ။



ဒါကတော့ စတိုင်အသစ်နဲ့ တင့်ကားပေါ့ဗျာ သစ်သားတွေနဲ့လုပ်ထားတာပါ ။



ဒါကတော့ ဖက်ရှင်ကားပေါ့ ထွင်ထားတာလေ ဘာမှန်းကိုမသိဘူး ။



သဘာဝကိုချစ်မြတ်နိုးတဲ့သူတွေစီးဖို့ပေါ့ ။ ပန်းလေးတွေ အပင်လေးတွေနဲ့ တန်ဆာဆင်ထားတာ ။



ရှေ့မှာ မျက်မှန်ကြီးတပ်ထားတာ ဘေးဖယ် မဖယ်ရင် ၀င်တိုက်မှာနော် ။



အမိုးဖွင့်ကားပေါ် ထီးဆောင်းထားတဲ့စတိုင်ပေါ့ ဘေးမှာ လည်း တုတ်ချောင်းတွေနဲ့ ကလေးကစားစရာ ကျနေတာပါပဲ ။



မော်တော်နဲ့ ကားနဲ့ပေါင်းထားတဲ့ မော်တော်ကားပေါ့ဗျာ ဟဲဟဲ ။



ဒါလည်း အထွင်လွန်သွားတယ် ထင်ပါရဲ့ ဘာပုံပေါက်နေမှန်းကိုမသိဘူး ။



ဒါလေးကတော့ ချစ်စရာကားလေးပေါ့ မျက်လုံးကြီးတွေပြူးနေတာပဲခက်တယ် ။



ပြိုလ်သားတွေစီးတဲ့ ကားပေါ့ မောင်းတဲ့သူခေါင်းကိုလည်းကြည့်ဦး ဆူးချွန်တွေနဲ့ ။



လက်ကြီးကထောင်လို့ ဘာတွေတင်လာမှန်းလည်းမသိ ။



ဒီကောင်လေးကတော့ မျက်ခုံးပါပါတယ်ဟ ။



အသီးပေါင်းစုံတင်ထားတဲ့ အသီးကားပေါ့ ။ ဘောလုံးလေးတစ်လုံးတောင်တွေ့သေး ။

No comments:

Post a Comment