တီးမယ်

Sunday, September 4, 2011

ကမ္ဘာသစ်


ချစ်သူရေ
ဟော့ဒီ ကောင်းကင်တစ်ရိုးက
ရေခိုးရေငွေ့  အိုးကြီးကို
မိုးတိမ်လို့ ခေါ်ကြလေရဲ့  ..။
ကိုရွှေမုတ်သုံလေက
သူ့ခြေထောက် သူ ဂရုမစိုက်
အိုးကြီးကို တည့်တည့်ဝင်တိုက်တယ်…။
အိုးကြီးလည်း ဗိုက်ပွင့် ကွဲကြေ
သေပါလေရော..။
အိုးခြမ်းကွဲထဲကနေ
ရေစက်တွေ ရေစက်တွေ
ဝင်းဝင်း လက်လက်
လင်း တစ်စက်စက် စီးဖြိုင် ညွှတ်ကျ..။
ကျောက်ဆောင် ကျောက်မြေနဲ့
စောင့်နေတဲ့ ပင်လယ်အော်တွေလည်း
သွားရည် တမြမြ
ပါးစပ်ကြီးတွေ ပြဲလန်အောင် ဟလို့ပေါ့..။
အို..ချစ်သူရေ
ဟိုး အရှေ့မှာ မိုးတွေ ရွာပြီ..။
လာ ရဲရဲလာ
ထီးရွက်တွေ မပါလည်း
လူဟာ ကိုယ့်ဘာသာ ရောင့်ရဲရမကွယ့်..။
ငါတို့ရဲ့ မိုး
ဂျိုးဂျိုး ဂျိမ့်ဂျိမ့်လှပ
သူ…
ရှိုက်ကြီးတငင် ရွာချပါစေလားကွယ်….။

တာရာမင်းဝေ

No comments:

Post a Comment