တီးမယ်

Sunday, September 4, 2011

စေတနာအလှနှင့်တာဝန်

khin soe htut

စေတနာအလှနှင့်တာဝန်


ငှက်ဥသြသည်
သာမောဖွယ်စွ၊ ခွန်းဆိုဟ၍
ချိုမြတေးသံ၊ သီကျူးဟန်ဖြင့်
ဝဲပျံနိုးထ၊ လုပ်အားပြသို့..။
ပိတောက်ဝါလည်း
ဝေဆာပွင့်ဖူး၊ ရွှေရည်လူး၍
ပျံ့ ပျူးရနံ့၊ လေတွင်ဖြန့်သော်
ရနံ့ထုံကြိုင်၊ သင်းကြူလှိုင်ပြီ
ပြိုင်ဆိုင်နိုးကြား၊ အားသစ်ပွားသို့..။
နှစ်အစတွင်
အလှမကြွယ်၊ ဥသြငယ်သည်
သူ့ဝယ်စွမ်းစ၊ တေးသံမြဖြင့်
ကျရာတာဝန်၊ သူကျေပွန်..။
ပိတောက်ဝါလဲ့
သက်မဲ့ပီပီ၊ သူ့စွမ်းရည်ဖြင့်
ရာသီနှစ်သစ်၊ ပြန်ပြောင်းလှစ်သည်
စစ်မှန်တာဝန်၊ သူကျေပွန်..။
သြော်.. ချိန်ခါတစ်နှစ်၊ ပြန်လည်သစ်တိုင်း
တစ်နှစ်တစ်ခါ၊ ရောက်ရှိလာ၍
ညီညာလုပ်အား၊ ကိုယ်စီထားလျက်
စွမ်းအားဖြည့်သွန်၊ ပြည့်တာဝန်ကို
ကျေပွန်ထမ်းရွက်ကြတကား..။       ။

ငွေတာရီ မဂ္ဂဇင်း။

No comments:

Post a Comment