တီးမယ်

Monday, December 5, 2011

"ဆယ်စုနှစ်အချစ်တို့ရဲ့ ဖြစ်တတ်တဲ့အရာ"

(မ) လွန်ခဲ့တဲ့ဆယ်စုနှစ်၂ခုက
              ချစ်လှပြီဆိုတဲ့ အိမ်သခင်ကြင်ဖက်ရှင်

(ကျား)မင်းအသံကြိုးကြားအလား
ချိုနားမှာစွဲစေလို့
အိပ်ရာဝင်အိပ်ရာထ
ကြားချင်လှတယ်

(ကျား+မ)သွယ်ဝိုက်ကာအိမ်ထောင်
စကား
ဆိုငြားလေတော့
ဒီလိုနဲ့  ++++
ယောင်နောက်ဆံထုံးပါ
ဆယ်စုတွေဖြတ်ကာသန်း
လမ်းကြမ်းတွေအတူလျှောက်
သား မီးတွေ  ပွားစီးပြီး

(ကျား)ပြောခဲ့တဲ့ ချီးမွမ်းစကားသံ
ပြောင်းပြန်    ပြန်ဖြစ်
ဟို   အရင်ကရေဆေးငါး
ခုတော့ ရေမြင်းအလား(၀လာလို့)
ဟိုအရင်ကကြိုးကြာအသံ
ခုတော့ ဂဟေဆော်သံ ထက်ညံတယ် (နားပူနားဆာလုပ်လို့)

(မ)ယုံမှတ်လို့ပုံအပ်ပါတယ်
ပြန်တွက်တော့  နှစ်၂၀
အချစ်ပြယ်ကာနေပြီပေါ့
သား မီးနဲ့ မြေးဆိုတဲ့ကြိုး
နှောင်ပိုးလို့များ မထားရင်
အဘိုးကြီးရေ  !
ဒီအရွယ်ထိ ရှင်နဲ့  ကျမ 
တွေ့ရပါ့မလားတဲ့    ?
(  အသက်ကြီးမှ နှောင်းဖြစ်ချစ်စကားလေးတွေနဲ့ ရန်ဖြစ်ကျီစယ်နေကြတဲ့  ဒုတိယအရွယ်အိမ်ထာင်သည်များအတွက်)
ကြားမိလေသမျှရေးချတတ်တဲ့  
"အပြုံး တစ်ချက်"


အပြုံးတဲ့  !
ပျော်မှ ခင်မှ ပြုံးနေကြတာ မဟုတ်ပါဘူး
မုန်းလျက်နဲ့ ပြုံးပြနေရတာတွေလည်းရှိမယ်
အပြုံးရဲ့ အသက်မှာ...
သရော်ပြုံး
လှောင်ပြုံး
မချိပြုံး
မာယာပြုံး
ပီတိပြုံး

နားမလည်တဲ့ဘာသာပြန်မှုတွေ စိတ်ချင်းဆက်သွယ်ကင်းမဲ့ခဲ့ရင်
သရော်ပြုံးလေး ပြုံးပြခဲ့တယ်
အနှစ်မပါတဲ့ အဖြစ်ရယ်လို့  ကြုံကာမှ သိစေသူအတွက်
တစ်ချက်တော့      လှောင်ပြုံးပေးခဲ့တယ်
ခံစားရခက်တဲ့ မျိုသိပ်ချက်တွေ ငုပ်လျှိုးစွာဖော်ပြချင်ရင်
မချိပြူံးတော့   ပြခဲ့တယ်
လိုချင်တာရဖို့အတွက်  ချကျွေးမယ့်အစာ  မာယာလို့
အပြုံးကို အနက်ဖော်မလား
ကိုယ်မရပေမယ့် တစ်ပါးသူရရင် ဖြစ်လာတဲ့ပီတိ အပြုံး
မျက်ရည်တောင်ဖုံးတယ်
ဘယ်လို အသုံးတွေ သုံးသုံး
ငါမပြုံးတတ်တာသေချာတယ်
အကြွင်းမဲ့ ချစ်တတ်တဲ့  မြင့်မြတ်မှုတွေနဲ့
မအိုမီ   မနာမီ    အသေမီ
လောကကြီးကို  သန့်စင်တဲ့ အပြုံးတစ်ချက်
ငါပြုံးပြခဲ့ချင်ပါသေးတယ်
(အရယ်အပြုံးနည်းတဲ့ မနှင်းဆီ)

တစ်နေ့နေ့ပေါ့ ......အမေ

တနေ့နေ့ပေါ့ ....အမေ
မိုးဦးဝင်စ ဒီအချိန်ဆို
အိမ်ဘေးနားကချောင်းကလေး
တောင်ကျရေတွေစီးဆင်းလို့
ဝါးခင်းတံတားလေးကကော
ကောင်းသေးရဲ့ အမေ...
အမေစိုက်ပျိုးထားတဲ့စံပယ်ရုံလေးကတော့
တပြုံတမကြီးပွင့်ရော့မယ်
ညအိပ်ရာဝင်တိုင်းလည်း
စံပယ်ရနံလေးတွေတမ်းတ
သားလွမ်းနေရပါတယ် အမေ...
"သားလူလေး ထတော့ကွယ်"...တဲ့
မပီပြင်ဝိုးတ၀ါး
ပိာုး...အဝေးကစကားသံ
ကယောင်ကတမ်းနဲ့ လန့်နိုးခဲ့ရတဲ့မနက်တွေ
များလှပြီ ...အမေ..
အမေ့ရင်ခွင်ထဲကခွဲထွက်
ဘ၀အတွက်ပျံသန်းရင်း
အမေ့အကြောင်းလွမ်းချင်းတွေညဉ်းဆို
သားရင်ထဲငိုနေရတယ် အမေ...
လှုပ်ရှားရုန်းကန် လောကဓံကိုအံတုရင်း
ဘ၀တိုက်ပွဲဝင် ရှုံးတလှည့် နိုင်တလှည့်နဲ့
ပာန်ဆောင်အပြုံး မျက်နှာဖုံးတွေကြား
အမေရေးလိုက်တဲ့ဆုတောင်းစာလေးက
သားအတွက်တော့ခွန်အားတွေဖြစ်ရတယ်
"သားလေးကျန်းမာ ချမ်းသာပါစေ" လေ
ဆပ်လို့မကုန်နိုင်တဲ့အနန္တကျေးဇူး
အမေ့အတွက်ရည်စူးလို့ ရှိခိုးဦးချ
သားကန်တော့လိုက်ပါတယ်
ဒီတာဝန်တွေပြီးတဲ့တနေ့
အမေ့ဆီ အပြေးပြန်ခဲ့မယ်
အဲဒီအချိန်ကျ
ခေါင်းကလေးပွတ်သပ်
အမေ့ရင်ခွင်မှာ မှေးစက်ပါရစေ
သားချော့တေးထပ်လေးနဲ့
အမေချော့သိပ်ပေးပါနော်..........

Saturday, December 3, 2011

HAPPY BIRTHDAY CAKE














စွယ်တော်နှစ်ဆူပုံ


အားလုံးပျော်ရွှင်ချမ်းမြေ့ ပါစေ.....

အတိတ်က

အတိတ်က
တကယ်ချစ်ရင်

ချစ်ရုံနှင့်မပြီး
မငြီးငွေ့သည့် သံယောဇဉ်
ကြင်နာမှု လေပြေတွေနဲ့
နွေ မိုး ဆောင်း အလီလီပြောင်း လည်း
မဟောင်းပဲ သည်းခံ
နည်းမှန်နဲ့ ဆက်ဆံကာလေ
မနက်ဖြန်ဆိုတဲ့
လောကဌာန်မုန်တိုင်းကို ကျော်ဖြတ်နိုင်ဖို့
လှော်တက်ကလေးကိုင် မှိုင်မနေနဲ့

ငိုင်တွေရင် အပူတွေဝင်လာ
လူတွေအမြင်မှာ အဆင်မပြေ လို့
မထင်စေဖို့လေ
ရေပြင်ကျယ်ကြီးကို အားမလျှော့ပဲ
နားတော့လည်း အတူတူ
လျှောက်တော့လည်း ခိုင်မြဲ
မယိုင်လဲတဲ့ မေတ္တာရေအလျင်ဝယ်
အပြစ်ရှာစရာတွေ့လည်း
ချစ်စရာအသွင်ဖြစ်ရအောင်
မောင်နဲ့မယ် လက်တွဲ
တစ်သက်မခွဲကြေးပေါ့
...............................................................
                                                                                                                            
ပစ္စုပ္ပန်
အတိတ်က

တစ်သက်မခွဲကြေးဆိုခဲ့ပေမယ့်

ကြုံရတဲ့အခြေအနေနဲ့ စရိုက်တွေကြောင့်

အောင့်တောင့်တောင့်ရင်ထဲက သံယောဇဉ်ကို

ပြန်မပြောချင်တော့ဘူး

မူးခိုက် ရူးခိုက်မှာ မြူးလိုက်မိပါ၏ ။

ခုတော့ ….

မင်းရဲ့ အပြောနဲ့ အပြုအမူများက

ငါ့စေတနာကို ဝေဒနာဖြစ်စေခဲ့

အဖြေရှာ သေချာသိချင်ရင်

ငါ့ ရင်ကိုခွဲကြည့်

မလွဲသိမှာက

ညစ်ထွေတဲ့စိတ်အစဉ်နဲ့

ဖိတ်စဉ်ခဲ့ရ ငါ့နှလုံးသားမှာ

အမုန်းတရားမရှိဘူး

အပြုံးများတော့ ဆုံးပါးကွယ်ပျောက် နှောက်ခဲ့ပြီ ။


ယိုးမယ်ဖွဲ့ရင်

အငြိုး … ဘယ်နှယ့်ဆင်လို့

အကြောင်းဖန်လာပုံကြောင့်

နှောင်းကံကြမ္မာ မဆုံတော့ဘူး ။


အိမ်ထောင်ဟူသည်

မသာယာလျှင် အကျဉ်းထောင်တမျိုး

သာယာလျှင် သံသရာအမှောင်တိုး ။

Thursday, December 1, 2011

 ငိုရလွန်းလို. ငါမျက်လုံးတွေကန်းသွားနိုင်တယ်

ခံစားရလွန်း  လို.ငါ.ရင်ဘတ်တွေပွင့်ထွက်သွားနိုင်တယ်

စဉ်းစားရလွန်းလို. ငါ.ဦးနှောက်တွေ ပျက်စီးသွားနိုင်တယ်

ဒါပေမယ့်ပြန်စဉ်းစားကြည့်လိုက်ရင် ငါဘာအတွက်................ငိုနေရလည်း ဆိုတာရှက်လွန်းလို. ကိုယ့်မျက်နှာကိုယ် ဓားနဲပဲမွှန်းလိုက်ချင်တော.တယ်
ဘယ့်သူ.အတွက်      ......ခံစားနေရလည်း ပြန်တွေးကြည်.ရင် အနာတွေများ...