တီးမယ်

Saturday, September 14, 2013

မမြင်ရလျှင် နေနိုင်ပေမယ့်
ခံစားမှု့ကို သက်ညှာ
သံယောဇဉ်ကို (တိ, ခနဲ ) ဖြတ်
ဆုံတွေ့ခွင့်မပေးချင်လို့
တမင်သက်သက်ရှောင်ပုန်းနေလား
ချစ်သူရယ် ...

အမုန်းတွေ ... ပေး
အချစ်ကို ... ယူ
မေတ္တာဆိုတဲ့စကား
အထူအပါးနားမလည်လို့လေ
အခုတော့
အမုန်းစကားမဆိုပဲ
Invisible - ထဲမှာ
ပုန်းကွယ်နေတာလား
ချစ်သူရယ် ...

အမှားရှိခဲ့လို့
အမှန်ပြင်ခွင့်မပေးပဲ
တမင်တကာ ပစ်သွားရက်လျှင်ဖြင့်
အချစ်ကဗျာတွေကို ပင်စင်ပေး
အလွမ်းကဗျာတွေအလယ်
ဒီမောင့် ရင်ကျိုး
အဖြစ်က မနှစ်ကနဲ့မတူ ...
ငါ့နှလုံးသွေးတွေရပ်တန့်
အလွမ်းတွေတံခွန်ထူဖို့
ပြစ်ဒဏ်ခတ်လေသလား
ချစ်သူရယ် ...

အနာဂတ်ကောင်းကင်ထဲက
အလွမ်းမိုးညို့ညို့မှာ
ငါဟာ ... အရူးတစ်ယောက်လို အော်ဟစ်
လွမ်းလိုက်တာ ..လို့ ပြောလျှင်
ပိုရာကျမယ် ထင့်
တော်ရာဘဝမှာ
မင်းပျော်စေဖို့ဆုတောင်းရင်းလေ ...
မင်းမရှိတဲ့ Online - ထက်မှာပဲ
နေ့နေ့ညည
ငါတစ်ယောက် ... အထီးကျန်
ဥပေက္ခာရင်ခွင်လေး မင်းကို တမ်းတ
ချည်နှောင်ဖွဲမယ့်ကြိုး
ရစ်ပတ်ခွင့်တချို့ ရချင်လွန်းလို့လေ
ပြန်လာခဲ့ပါ ချစ်သူရယ် ... ။naing zaw

No comments:

Post a Comment