တီးမယ်

Saturday, September 14, 2013

ဘဝ ရဲ့..မှိုင်းမိမှုများ


မာယာတွေ များလိုက်ပုံများ
တမုဟုတ်ချင်း
ပြောင်းလဲလိုက်တာ
အပြောင်းလဲကြီးပြောင်းလဲ
တချိန်က ကြည်နူးမှုတွေအစား
ရက်စက် ယုတ်မာမှုအစုစုက
နေရာ ယူကုန်ပြီလေ
တလုံးပြီးတလုံး
အမုန်းလှိုင်းလုံးတွေလေ
နှလုံးသားကို ဖုံးအုပ်ခဲ့တာလဲ
ကံကြမ္မာ ရယ်..
ငါ က ဘယ်သူ.့ကို အပြစ်တင်ရမှာလဲ
ဘဝ..ရဲ့ ရေပြင်ပြာပြာ တွေ ကလဲ
အဝေးကို ပြေးထွက်လို့ 
ရက်စက် ကြမ်းတမ်းမှုနဲ့
ကြည်နူးပျော်ရွှင်မှု့ 
တလှည်.စီများလား...
အဲလို..အတွေးတွေနဲ.့ဘဲ
ဘဝ ကို စွဲမက်စွာ..ရူးသွပ်ခဲ့ရ..အခါခါပေါ့
ဖြစ်နိုင်မယ်ဆို...ဘဝ မှာ....ပေါ့
တခါလောက်တော့..ပြန်ရချင်ပါတယ်
ကြည်နူးမှု အစုစု ကိုပေါ့..naing zaw

No comments:

Post a Comment