တီးမယ်

Saturday, September 14, 2013

အချစ်ရယ်
ရန်မဖြစ်ကြေး
ပြန်စစ်ဆေးကြမယ် ဆိုရင်
နင်လည်းနာ . . . ငါလည်းနာ
နင်လည်းလွမ်း . . ငါလည်းလွမ်း
နင်လည်းငို . . ငါလည်းငို
ကမ္ဘာပြို မတတ်ပါဘဲကွယ်
ချစ်သူအချင်းချင်း
တိုက်တဲ့ စစ်
မုန်းလို့မှ မဖြစ်ဘဲ။
မုန်းမေ့လို့ မရမဲ့အတူတူ
(စစ်မဖြစ်ကြေး)
ဟောဒီအချစ်လက်ရေးနဲ့
(ငြိမ်းချမ်းရေးသဝဏ်လွှာလေး)
နင်ကိုပေးလိုက်ပါရစေ။
နေ့လည်းလွမ်း. . ညလည်းလွမ်း
မျက်ရည် တစမ်းစမ်းနဲ့
ရန်ဖြစ်ပြီးမှ ပြန်နန်းမိတဲ့ . အနန်း
ငါရင်ထဲ
ပိုလွမ်းသွားရပြန်ပြီကွယ်။


မောင်လှမျိုး

No comments:

Post a Comment