တီးမယ်

Saturday, September 14, 2013

အသဲကွဲပုရပိုဒ် ......... ငါ နောက်ကျဘူးတဲ့ ခေတ် . .
နာကျည်းရတယ် ဆိုပေမယ့်
ရောဂါဟောင်း တွေဆီပဲ
တစ်ထစ်ချင်း ဆက်တက်နေမိတယ် … … … ၊၊
မျက်နှာလွှဲထားချင်ပေမယ့်
ငြင်းပယ်ခွင့်မရှိတဲ့အခါ
လှောင်ရယ်သံတွေကို
မုန်း လိုက် တာ .
ဒီကဗျာတွေကမှ. . .ပန်းတွေ မပွင့်နိုင်ခဲ့တာ
ဘယ်သူမှ မမှားဘူးဆိုရင်တောင်
အမှန်တရားက ဘယ်မှာလဲ. . . .
ချောက်ကမ်းပါးလေးနားရပ်ပြီး
ယုံကြည်မှုတွေကို ထူထူထပ်ထပ်တည်ဆောက်မိတာပါ . .
ငြင်းဆန်ခြင်းတွေနဲ့ တွန်းချပစ်တဲ့အခါ
ဘာကြောင့် . . . နောက်ကျောကိုပါ ဓားနဲ့ ထိုးခဲ့တာလဲ … ၊၊
နင်မဖြေချင်ဘူးဆိုရင်လည်း
ငါ မေးနေဦးမယ်
ဘေးထွက်ထိုင်နေရတဲ့ အလေအလွင့်ကရော
စင်ပေါ် မျှော်ခွင့် မရှိဘူးလား ၊၊
နင်တို့ သတ်မှတ်ထားကြသလို
ငါ့ ရပ်တည်ချက်က စုတ်စုတ်နွမ်းနွမ်းေ***ရူးတစ်ကောင်
ဘာပဲဖြစ်ဖြစ်….ဘယ်ေ***ရူးမဆို
တမွန်းတည့်တော့ ကောင်းစားချင်ကြမှာပါပဲ ၊၊
မျက်နှာလွှဲထားလိုက် . . .
သစ်ကိုင်းလွတ်နေတဲ့
လူမဖြစ်သေးတဲ့ မျောက်တစ်ကောင်
ဟောဒီမှာ….သေနေတယ် ၊၊
အမြဲတမ်း မြင်နေရမှ
အချစ်လို့ သတ်မှတ်ရင်. . .
မျက်မမြင်တွေရဲ့ အသည်းကို ဓားနဲ့မွှန်းပစ်လိုက် . . .
မမြင်ဘူးပဲ ချစ်ရတဲ့နှင်းတွေကို မီးမြိုက်ပစ်လိုက် . . .
လူရွှင်တော်တစ်ယောက်ရဲ့ ငိုသံကို ဟားတိုက်ခံရသလိုမျိုး . .
လူကြမ်းတစ်ယောက်ရဲ့ကြင်နာမှုကို ခဲအပေါက်ခံရသလိုမျိုး . .
အဲဒီလို. . . သိမ်ငယ်မှုမျိုးနဲ့
ငါ့ ကိုယ် ငါ တည်ဆောက်နေရတာပါ
အရသာမရှိဘူးထင်ရင်
မြောင်းထဲ လွှင့်ပစ်လိုက်ပါ .. …
တံတွေးနဲ့ မထွေးပါနဲ့ . .
အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ဓားနဲ့မမွှန်းပါနဲ့ . . .
အဲဒီလိုနဲ့…..
ပန်ဆင်ခြင်းမခံရတဲ့ သစ်ရွက်ကြွေလို ဆွေးတယ် ၊၊
အဲဒီလိုနဲ့…..
ကိုယ့် ကို ကိုယ် ခြွေ ချ ခဲ့ ရ ပါ တယ် ၊၊
မုန်းတယ်. . . .
နားနဲ့မကြားရပေမယ့် အဲဒီ ခေါ်သံတွေကို မုန်းတယ်
နောက်ကျောကိုဓားနဲ့ထိုးတဲ့ လက်ကို မုန်းတယ်
ရောဂါဟောင်းကို တူးဆွနေတဲ့ ငါ့လက်တွေကိုတော့
ငါ အ မုန်း ဆုံး ပဲ ……….၊၊ ၊၊naingzaw

No comments:

Post a Comment