တီးမယ်

Saturday, September 14, 2013

လေပြေတွေလား?လေပွေတွေလားဆိုတာအတိကျမသိပေမယ့်
သျေချာစွာထိတွေ့ခံစားလိုက်၇တဲ့ လေပြင်းတွေရဲ့လှုပ်ခတ်မှု့က
သက်မဲ့စက္ကူရွက်တွေတောင်
ဝေဟင်ထက်မှာပျံဝဲကုန်ကြ။
ဘယ်ဆီဘယ်အ၇ပ်ကမှန်းမသိတဲ့...ခဲခြစ်ေ၇ာင်တိမ်စိုင်တွေက
အုံ့မှိုင်းမှိုင်းနဲ့...အာကာတစ်ခွင်လုံး...
အုပ်စိုးခဲ့ပြီ။
နွေ၇ာသီကိုဖြတ်သန်းခဲ့လို့..မောပန်းခဲ့တဲ့
အငွေ့သက်မိုးက..ခရီးသွားတစ်ယောက်လိုနားခိုဖို့လား?
(ဒါမှမဟုတ်)
ပူလောင်ခြင်းကို..ထိုးစစ်ဆင်ဖို့..ငြိမ်သက်ပိရိမှု့နဲ့
အားယူနေတဲ့..မိုး၇ာသီရဲ့..လှည့်စားမှုလား?
အငြိုးတေးကြီးစွာအံ့ကြိတ်ခဲ့တဲ့...ထစ်ချုန်းသံတွေက
နွေဥတုရဲ့အပြစ်တွေကို...ကြိုးမိန့်ချဖို့
ကြေငြာလေတော့.....မြေပြင်ကြီးတစ်ခုလုံးပါ
တုန်လှုပ်ခဲ့တာ..အမှန်ဘဲ။naing zaw

No comments:

Post a Comment