တီးမယ်

Monday, March 19, 2012

ညီမျှခြင်းနဲ့ မညီမျှခြင်း

မညီညာတဲ့ ဘဝလမ်းမှာ
ညီညီညာညာနဲ့ ငါလျှောက်ရင်း
တီတီတာတာ ပြောတဲ့
မညီမညာသွားပိုင်ရှင် မင်းနဲ့
ဆုံတွေခဲ့တယ်။

ညီတူညီမျှ ချစ်ခဲ့ကြမယ်ဆိုပြီး
ဘယ်သူပိုချစ်လဲ
ငါတို့ ညီမျှခြင်း ချရင်းနဲ့
မညီမညာနဲ့ပဲ
ငါတို့ ပြတ်ခဲ့ရတယ်။

မညီညာတဲ့ လူ့စိတ်နှစ်ခုကို
ညီအောင်ညှိဖို့ ကြိုးစားမိတဲ့
ငါ့အတွက် မညီမျှခြင်းဆိုတာက
မင်းရွေးချယ်လိုက်တဲ့ လမ်းပဲ။

ငါတို့စိတ်တွေ မညီမျှလို့
တစ်ယောက်နဲ့ တစ်ယောက်
ပြန်တွေ့တာတောင်
မရီပြခဲ့ကြပေမယ့်
စိတ်ထဲ အရာတစ်ခု
ခဏ ဝင်လာတာတော့
ငါတို့ ညီမျှနေကြဦးမှာပါ….။

No comments:

Post a Comment