တီးမယ်

Monday, March 19, 2012

အရံလူ

ချစ်ခြင်းအသင်္ချေ ရင်တွင်းစေ၍

ကြည်ကြည်ဖြူဖြူ ယူပါယူဟု၊

နှလုံးသားလေး အရှုံးများပေး

အရှုံးအမြတ် မငဲ့ကွက်တဲ့

ပေးဆပ်နေတဲ့ ထာဝရပါ……..။


ပျော်တပြုံးပြုံး မော်မဆုံးပါဘူး

ဘေးနားခဏ သူရှိခဲ့က

မျက်စိကိုမှိတ် အံကိုကြိတ်လို့

ရူးရူးမိုက်မိုက် စူးစူးစိုက်စိုက်

ရှေ့ကိုဆက်တိုး အနာဂတ်သို့………။


ဆိုင်သူကြင်ဖက် ရှိနေလျက်နဲ့

အထီးကျန်တဲ့ သူ့ဘဝကို

အပျော်တွေပေး အရှည်မတွေးလို့

ခိုနားစရာ ဒီရင်ခွင်ဟာ

ခဏတာပါ ချစ်သူ…………။

ဒဏ်ရာတွေနဲ့ မျက်ရည်စက်က

နင့်အတွက်အပျော် ဖြစ်ပါစေက

မဆိုင်းမတွ မတိုင်းမဆ

ရိုကျိုးသေဝပ် အောက်ကိုကျို့လို့

ဒီနှလုံးသား ယူကစားပါ………။


ဆိုင်လဲမဆိုင် ပိုင်လဲမပိုင်ပဲ

မျှော်လင့်ချက်မဲ့ အနာဂတ်ကို

ကြိုကာသိမြင် ဒီဖြစ်စဉ်တွင်

ပထမသို့ ရည်ကာစူးတဲ့

ဒုတိယ ဘေးအရံလူ……။

No comments:

Post a Comment