တီးမယ်

Monday, March 19, 2012

သံယောဇဉ်

“သံယောဇဉ်သည်၊ မမြင်သော်လည်း ခိုင်ခိုင်မြဲ၏။”

မမှတ်မိတော့ပါဘူး ဘယ်ကဗျာ စာအုပ်ထဲမှာ ပါသလဲဆိုတာကိုတော့။ အဲ့ဒီ့စာကြောင်းလေးတစ်ခုပဲ
မှတ်မိတာပါ။ အဲ့ဒီ့စာကြောင်းလေးက ကျွန်တော့်ဘဝအတွက် အရမ်းအလေးအနက်ဖြစ်ခဲ့သလို၊
ကျွန်တော် အရမ်းသဘောကျခဲ့တယ်။ ဒါကြောင့် ကျွန်တော့်ကဗျာထဲမှာ ထည့်သုံးထားလိုက်ပါတယ်။
ကျွန်တော့ကဗျာအရေးအသားကတော့ ပထမဆုံးမြန်မာကဗျာတွေထဲက တစ်ပုဒ်လို့ပြောလို့ရတဲ့ မြကန်ကဗျာကို
ရေးစပ်ထားတဲ့ ပုံစံအတိုင်းရေးထားတာပါ။ ကျွန်တော်က မူရင်းကဗျာရှင်လို မတော်တာက တစ်ကြောင်း
ခေတ်ကာလကွာခြားတာက တစ်ကြောင်း အကြောင်းကြောင်းကြောင့် အဲ့စာသားက မလေးနက်ခဲ့သော်
ကျွန်တော့် ညံ့ဖျင်းမှုတစ်ခုလို့ပဲ သဘောထားပေးကြပါ။

သံယောဇဉ်….
မမြင်သော်ငြား ခိုင်ခိုင်မြဲ၏။
ဖြတ်ချင်သူက ဖြစ်၍ သွားလဲ
ငါ့ရင်ထဲမှာ မပြတ်မယွင်း
အစဉ်အမြဲမင်း
ရှိနေပါတယ်ချစ်သူ….။
အချိန်ကမကြာ
ခဏလေးသာ ချစ်ခဲ့ရလဲ
တဖတ်သတ်နဲ့ အမြဲမပြတ်ပဲ
ချစ်နေမှာပါ ချစ်သူ…။
မနီးစပ်တဲ့ဘဝများ
နီးစပ်ဖို့ ညှိခဲ့ရတဲ့ ညများဟာ
အိမ်မက်များအဖြစ် လွင့်ပြယ်
ပျောက်ကွယ်သွားပြီ ချစ်သူ…။
မခေါ်ပဲနဲ့ ရောက်လာ
မသိမသာနဲ့ ငါ့ဘဝထဲဝင်လာပြီး
 နောက်ဆုံးတော့
သိသာစွာနဲ့ အထိနာခဲ့လဲ
ငါ့ရင်ထဲမှာ အမုန်းတွေက
မရှိပါကွယ် ချစ်သူ…။
အကြောင်းမကြား
နင် ငါ့ဆီကနေ
တခြားပြောင်းသွားတော့
အခုချိန်ထိ ငါတစ်ယောက်တည်း
ခေါင်းစားဆဲပါ ချစ်သူ

No comments:

Post a Comment