တီးမယ်

Thursday, May 10, 2012

မြစ်ကျိုးအင်း
သူတို့ကပြောတယ်....
စာသားတွေပါကွာ..တဲ့
ကျွန်တော့်အမြင်မှာ
ကောက်လိုက်ဖြောင့်လိုက်ဖြစ်နေတဲ့
မြစ်ကျိုးအင်းတွေပါ။
ပန်းပေးပါပြီဗျာ
မေးခွန်းတွေက လွယ်ပါတယ်
ဒါပေမယ့်...ကျွန်တော့်အတွက်..
အဖြေက ခက်တယ်လေ။
အရိုးရှင်းဆုံးပြောရရင်တော့
ပျားရည်ကို ကျွန်တော်ကြိုက်ပါတယ်။
ပျားရည် ဘယ်လို ဖွတ်ရတာလည်း
မတွေးမိတိုင်းပေါ့ဗျာ...
ခံနိုင်ရည်မရှိချင်တော့ဘူး
ခံနိုင်ရည်ရှိနေသမျှ ခံရဦးမှာ မဟုတ်လား..
နာကျင်ရတယ်...ဗျ။
ကျွန်တော်က မစဉ်းစားဘဲ ရေးထားတဲ့
ကဗျာ တစ်ပုဒ်လိုဘဲ..
ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့
ဒါတောင် တစ်ချို့က ပြောကြဦးမယ်..
မင်းကဗျာ က ငါနဲ့ တိုက်ဆိုင်လိုက်တာကွာတဲ့
ကျွန်တော်တို့ ဟာ တစ်နေရာရာမှာ လာတူနေကြတဲ့
ခပ်နုံနုံ သတ္တဝါတွေချည်းပါပဲဗျာ။
ကိုယ့်ကိုကိုယ် အထင်ကြီးနေသမျှ ......ပေါ့။
                                       
                                     ကျော်ကြည်ကို( ၀၂-မေ-၂၀၁၂)

No comments:

Post a Comment