တီးမယ်

Thursday, May 10, 2012

"နှင်းဆီကွယ်တဲ့လ"

အခုတလော
ငါ  ကဗျာတွေ သိပ်မရေးဘူး
ဘာကြောင့်လဲဆိုတော့
အလွမ်းတွေ အခိုးခံရလို့
မှန်တစ်ချပ်လိုဘဲ ချစ်သူ
ဒါပေမယ့် ပြဒါး ပျက်မနေပါဘူး
နင်မုန်းရင်တောင် အရှုံးတွေနဲ့
ပြုံးပြုံးလေးလက်ပြ နေခဲ့မယ့်သူက
ငါပါ
ဒါတောင်မှ
အဲလောက်ချစ်တတ်တဲ့ ငါ့ကို
နင် ထားပြီးထွက်သွားရက်တယ်နော်
နှလုံးသားရှင်းဖို့သက်ပြင်းတွေ တဟင်းဟင်းချပြီး
ဆူးမဲ့ ပေးလိုက်ရတဲ့ လကွယ် ညတွေအတွက်
အခုတော့.......
နှင်းဆီမျက်ရည်တွေသာ

(ရင်ကွဲအောင်ချစ်ပြမှ ဆပ်ရတဲ့ ကျေးဇူးလို့
ပြုဖူးသူမှတ်ရင် ဒီဘ၀ နှင်းဆီကွယ်တဲ့ လ
ထာဝရပြန်မလင်းနိုင်တော့ဘူး)
အချစ်မဲ့ နှင်းဆီ

No comments:

Post a Comment