တီးမယ်

Thursday, May 10, 2012

မေ့ မရတဲ့ မနေ့ည
ကဗျာတစ်ပုဒ် မဟုတ်ပါဘူး။ နှင်းဆီ အလုပ်ခွင်စာမေးပွဲရှိလို့ အချစ်အလွမ်း
ကဗျာတွေကို ခဏနားထားပြီး စာကြည့်နေချိန် မနေ့ညက အဖြစ်အပျက်ကလေးပါ။ 29-4-12 ည
103း0 စာကြည့်စားပွဲမှာ စာကြည့်နေတုန်း
ဖောင်တော်ဦး ကျောင်းဆောင်တွေပေါ်က မြောက်ဘက်မှာမီး တောက်တွေမြင်ရတယ်
မီးလောင်နေပြီလို့ အော်လိုက်တဲ့ အသံကြောင့်
အပေါ်ထပ်ကနေပြေးဆင်းလာပြီးအောက်ထပ်မှာ အိပ်မောကျနေတဲ့ လူကြီးတွေကိုနှိုး
ဘာအရင်စလုပ်ရမှန်းမသိတဲ့အချိန်ပေါ့။နှင်းဆီတို့မန္တလေးနဲ့မီးဆိုတာမစိမ်းပါဘူး။ခဏခဏ
လောင်တာကြားနေကြလေ။အခုလို၁၀အိမ်လောက်ခြားပြီး
လောင်တာတော့တစ်ခါမှမကြုံဘူး။ကိုယ်တိုင်ကြုံပြီးမီးတောက်မီး
လျှံတွေလည်းမြင်ရောကြောက်စိတိ အားငယ်စိတ်တွေ ၀င်လာမိတယိ။ မီးလောင်နေတဲ့
အိမ်ကိုအရင်သွားကူရရင်ကောင်းမလား  ကိုယ့်အိမ်ကို အရင် သိမ်းဆည်းရမလား
တွေဝေနေချိန်။ နောက်နှင်းဆီ အတ္တ ကြီးလိုက်ပါတယ်။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ
နဲ့ ရှိစုမဲ့စု အထုပ် ကလေးကိုပိုက်ပြီး အသက်ကြီးတဲ့ ဖေဖေ့ကို
ဆိုင်ကယ်ပေါ်တင်ပြီးမီးနဲ့ဝေးတဲ့အသိတစ်ယောက်အိမ်ကိုသွားအပ်ခဲ့တယ်။ဆိုင်ကယ်
မောင်းနေတဲ့ နှင်းဆီ ခြေထောက်မှာ ဖိနပ်မပါဘူး။ လီဗာ ကိုင်တဲ့ လက်တွေကလည်း
တဆတ်ဆတ် တုန်လို့။  နောက် မေမေ့ အလှည့်  မေမေ့ကို အသိအိမ်သွားပို့မယ်
လည်းလုပ်ရော ဒီအိမ်ကနေမခွာဘူးတဲ့ ။ ပခုံးပေါ်မှာလည်း နှင်းဆီယူနီဖောင်းတွေ
တင်လို့လက်ကလည်း လေးလံတဲ့ ခုံတွေ မလို့ ။ မေမေ စိတ်ငြိမ်အောင်ထားပါ ဒါတွေဘာမှ
အရေးမကြီးဘူး အသက်အန္တရာယ်ဖြစ်မှာစိုးလို့လိုက်ခဲ့ပါခေါ်တာ  ဘယ်လိုမှ ခေါ်လို့
မရခဲ့ဘူး။ မိန်းမသားတွေဟာ အိမ်ချစ်စိတ်ပြင်းထန်လွန်းကြတာဘဲလား?ဒါနဲ့
အိမ်နီးချင်းအဘ တစ်ယောက်ကို   မီနဲ့ဝေးတဲ့ နေရာကို ပို့ပေးခဲ့လိုက်တယ်။103း0
ကစလောင်တဲ့မီးဟာ အိမ်10 အိမ်နဲ့ ထန်းပင်များစွာကို
ဝါးမြိုပြီးမီးသတ်ကားပေါင်းများစွာနဲ့ငြိမ်းသတ်နိုင်ခဲ့လို့11း05 မိနစ်မှာ
မီးငြိမ်းသွားခဲ့ပါတယ်။နှင်းဆီတို့ နန်းတော်ရှေ့ မီးလောင်နေတယ်ဆိုတာကို
ဘယ်လိုသတင်းရမှန်းမသိတဲ့ အွန်လိုင်းသယ်ရင်းတွေ မကြာခဏဆိုသလို ဖုန်းဝင်လာတာတော့
အံသြ မိတယ်။ကြောက်ရွံ့ စိတ်တွေနဲ့ တုန်လှုပ်ပြီး အသံဝင်နေတဲ့ ကြားက
ပြန်ဖြေပေးနေရတယ်။ တကယ်အံ့သြမိတာပါ။ အလုပ်ခွင်က သယ်ရင်းတစ်ယောက်ဘဲ သက်နှင်း
နင်တို့ အိမ်နဲ့ နီးလားဆိုပြီးဖုန်းဆက်ခဲ့တယ်။ အော်ဟစ်ပြေးလွှားနေတဲ့ကြားက
ဖုန်းနံပါတ်တွေလည်းမကြည့်ဖြစ်ပဲကိုင်လိုက်တိုင်း မနှင်းဆီ မနှင်းဆီတို့
နန်းရှေ့ လား နဲ့ ပါ။ အပြင်မှာ အမြင်ဘူးပေမယ့် နန်းတော်ရှေ့ ဆိုတာနဲ့ နှင်းဆီ
အတွက်စိုးရိမ်ပူပန်ပေးကြတဲ့ အွန်လိုင်းသယ်ရင်းတွေကို ကျေးဇူးတင်မိတယ်။နောက်
အမရပူရ တောင်မြို့ နဲ့ နန်းရှေ့ အဝေးကြီးကို အပြေးရောက်လာပေးတဲ့ ကဗျာချစ်သူ
အဖွဲ့ က ကဗျာဆရာ အကို့ ကိုလည်းကျေးဇူးတင်ပါတယ်။နှင်းဆီ ၀န်ခံ
စရာရှိပါတယ်။အွန်လိုင်းသယ်ရင်းတွေရဲ့ ခင်မင်မှုကို တန်ဖိုးမထားတတ်ခဲ့ဘူး။ငါနဲ့
စကားပြောရတာ အဆင်ပြေလို့ ငါ့ ကဗျာလေးတွေ ဖတ်မိပြီး
ငါ့ကိုခင်ရုံလောက်ဘဲလို့ထင်ခဲ့မိတာပါ။အခုလို
မီးလောင်တယ်လည်းကြားရောလူကိုယ်တိုင်ရော ဖုန်းနဲ့ပါသတင်းမေးအားပေးကြတဲ့
အွန်လိုင်းသယ်ရင်းတွေကို နစ်နစ်ကာကာ ခင်မင်မိသွားပါတယ်။ ဒီလိုနဲ့
သစ်ရွက်မီးလောင်နံ့ လေတိုက် တိုင်းပါလာတဲ့ ပြာလေးတွေကြား နန်းတော်ရှေ့
ပြန်အိပ်မောကျခဲ့ပါတယ်။အဆိုးထဲက အကောင်းကတော့ နှင်းဆီ
မိတ်ဆွေစစ်တွေရရှိခဲ့ပါတယ် အခက်အခဲဒုက္ခ နဲ့ ကြုံချိန် ခင်မင် အားပေးကြတဲ့
သယ်ရင်းတွေကိုကျေးဇူးတင်မိပါတယ်။မနက်မှ သိလို့ သတင်းမေးတဲ့ သူတွေရော မသိလို့
မမေးလိုက်ရတဲ့ အွန်လိုင်းသယ်ရင်းတွေရော...ကျေးဇူးပါ။ နှင်းဆီတို့ အိမ်
မီးဘေးကလွတ်ကင်းခဲ့ပါတယ်။နှစ်သိမ့်ကူညီအားပေးကြတဲ့
အွန်လိုင်းသယ်ရင်းတွေကြောင့် နှင်းဆီ အားရှိတည်ငြိမ်ခဲ့ပါပြီ။
ကျေးဇူးတင်ပါတယ်နော်။
တကယ်တော့ ကဗျာတစ်ပုဒ် မဟုတ်ခဲ့ပါဘူး။ မေ့မရတဲ့ မနေ့ည က အဖြစ်အပျက်အမှန်တစ်ခုပါ။
မနှင်းဆီ

No comments:

Post a Comment