တီးမယ်

Thursday, May 10, 2012

ခေါင်းစဉ်မဲ့   ဝေဒနာ"

ခံစားချက်ပြောင်းပြန်နဲ့
သေရာပါ အမှတ်အသားတစ်ခု
ငါ့ ရင်မှာ  ထွင်းထုထားတယ်
 နင်ထားခဲ့တဲ့နေ့ ကစလို့.......

အဲဒီနေ့ က
မိုးလည်းမရွာဘူး
လေလည်းမတိုက်ဘူး
နှလုံးသားအမှိုက်မို့
ရှင်းထုတ်လိုက်ရပေမယ့်
ခံပြင်းနာကြည်းမှုက
အခုထိ မေ့မရ ခဲ့ဘူး

ခေါင်းဆယ်လုံးနဲ့ ဒဿတောင်
သီတာ့ အပေါ် အချစ်ကြီးတဲ့
နှလုံးသားတစ်ခုဘဲရှိမယ်

ချစ်ရတဲ့ နင်ကတော့
ဘယ့်အတွက်ကြောင့်
ဦးခေါင်းတစ်ခုတည်းနဲ့
မိန်းမသားနှစ်ယောက်ရဲ့
နှလုံးသားတွေကို
နင်းချေရွေးချယ်သွားပါလိမ့်?????

ခွင့် လွှတ်ပေးနေချင်ပါတယ်
ဒါမေယ့်....
ငါ မယုံဘူး အဲဒီအဖြစ်ကို.....

ခံစားချက်ပြောင်းပြန်နဲ့
သေရာပါ အမှတ်အသားတစ်ခု
ငါ့ ရင်မှာထွင်းထုလိုက်တယ်
နောက် ဘယ်တော့ မှ မချစ်တော့ဘူးလို့။ ။ ။ ။
(အချစ်မဲ့နှင်းဆီ)

No comments:

Post a Comment