တီးမယ်

Thursday, August 30, 2012

အစမ်းသပ်ခံနိုင်တဲ့
ခံနိုင်ရည်တွေတောင်
ထိရှလွယ်တဲ့ မျက်ရည်မြစ် ဖြစ်သွားတော့မှတော့
ချစ်မိတာ အပြစ်တော့ မရှိသင့်ပါဘူး....။

အတိတ်တွေ
အနာဂတ်တွေ
ခဏလောက်မေ့ထားပြီး
တစ်ခါလောက်တော့ ရူးပြီးချစ်လိုက်ချင်မိတယ်....။

စက္ကန့် လေးခြားတာတောင်
ဆွေးရအောင် လွမ်းတတ်နေမှတော့
ဝေးရဖို့ တော့ မကမ်းလှမ်းပါနဲ့ 
အသဲနှစ်လွှာခွဲခွာဖို့ ခံနိုင်ရည် မရှိတော့လို့ ပါ....။


အတွေးနဲ့တောင်
ခါးနေအောင်လွမ်းတဲ့အလွမ်းတွေအကြောင်း
သူ သိအောင်ပြောပြဖို့ ကြိုးစားရင်းနဲ့ ဘဲ
အပြင်းစားနွေအိမ်မက်မှာ တစ်ကိုယ်တည်း အလွမ်းမိုးတွေနဲ့ ရွဲရွဲစိုသွားခဲ့တယ်....။

အလွမ်းတွေကြောင့်
ပုရပိုဒ် မှာ အက္ခရာတွေ ပျောက်တော့
စိုးထိပ်မှုတွေ ကြားကပဲ ဖွဖွလေး ဆုတောင်း
ကျယ်ပြောတဲ့ သူ့ ရင်ခွင် တခြားသူ မခိုဝင်စေဖို့ ပေါ့....။


အငှားတွေနဲ့ ပြည့်နေတဲ့
ရင်ဘတ်တစ်စုံက ခံစားချက်အစစ်နဲ့ တွေ့ မှာ
ဝေါဟာရတွေ ပျောက်ဆုံးပြီး ဧရိယာ တစ်ခုထဲမှာပဲ ချာချာလည်နေမိတဲ့ခဏ
ပင့်သက်တွေနဲ့ ညဟာ ညတာပိုရှည်လာသလားနော်....။


ချစ်ရတဲ့
သူရေ...
တစ်ကယ်တမ်းကျတော့
လက်တွေ့ မှာက...မြေနီလမ်းလည်း မရှိဘူး
ဒီဇင်ဘာ ဆောင်းနဲ့ လည်း မနီးဘူး
နှင်းဆီ ပန်းလည်း မပွင့်ခဲ့ဘူးနော်....။

မပြည့်စုံတဲ့
လောက ဆိုပေမယ့်
တူညီတဲ့ဘယ်ဘက်ရင်အုံနဲ့ 
ပြင်းပြတဲ့နှလုံးသားတစ်စုံ ရှိနေမှတော့
မျှော်လင့်ချက်တွေ ခမ်းနားနိုင်သေးတယ် မဟုတ်လား...ချစ်ရတဲ့သူရေ..............။။။။



" အိမ်ပြန်လမ်း "

မျောလွင့်နေတဲ့ စိတ်ကူးက
ဒဏ်ရာ အနာတရ ဖြစ်နေတဲ့
ငှက်တစ်ကောင်လို ပျံသန်းဖို့ရာ
အင်းအား မရှိသေးတဲ့ ခဏ..........

ဆေးသားပျယ်မှိန်နေသော
နံရံ ပန်းချီတွေထက် အထီးကျန်စွာ
နားခိုနေတဲ့ ယောင်ချာချာ
ငှက်တစ်ကောင်လို အဖော်တွေ
ဝေးနေတဲ့ ခဏ.............

အခွင့်အခါ ရောက်ရှိလာသော
အချိန်လေးအတွင်း
ပျံသန်းဖို့ ကြိုးစားနေဆဲ ခဏ........

ရုတ်တရက်...........

ဝင်ရောက်လာတဲ့ ဆောင်းခိုညရဲ့
အေးစက်မှုတွေက ဆိုးဝါးစွာ
ရိုက်ခတ်မှုကြောင့်
တဖန် အထီးကျန်သောဘ၀နဲ့
နားခိုခဲ့ရပြန်ပြီ..........

နွေဥသြရဲ့ အသံစလေး........

ယူငင်လာတဲ့ လေရူးလေပြေတွေက
အေးစက်နေသော နေရာတစ်ခုကို
နွေးထွေးမှုတွေ ၀င်ရောက်လာခဲ့တာ
ငှက်ငယ်အတွက် ပျော်ရွှင်စရာ
အိမ်ပြန်လည်းတော့
လင်းချင်း ၀င်ရောက်လာခဲ့ပါပြီ............

No comments:

Post a Comment