တီးမယ်

Monday, December 5, 2011

"စိတ်မျှားနေကြသူများ"

လွမ်းတတ်သူပါဆိုမှ  ရယ်စရာအတွေးတွေ လာကြားနေရတယ်
သိပ်ချစ်ပါတယ်!   ဒါကြောင့် ကိုဘုန်းကြီးဝတ်ဖို့  ဆုံးဖြတ်လိုက်ပြီတဲ့
ဟားဟား  ( လူငယ်လေးတစ်ယောက်ဖုန်းပြောနေတဲ့
အကြောင်းလေးပါ)
ကိုယ့်စိတ်တည်ငြိမ်ဖို့အတွက် 
သူတပါးကို  အစာချကျွေးပြီး
တန်ဆာဆင်တဲ့   (ချိပ်)  စကားတွေနဲ့
ငါးမျှားနေသလိုလူ

ကိုယ့်စိတ်တည်ငြိမ်ဖို့အတွက်
သူတပါးကိုပေးဆပ်ပြီး
ရစ်ဘီးကလေးနဲ့  အမြင့်ဆောင်ပေးမယ့်
စွန်လွှတ်နေသလိုလူ

နင်ဘယ်လိုစိတ်ဘဲထားထား
ပလိုင်းထဲက ငါ ငါးတစ်ကောင်မဟုတ်ခဲ့ဘူး
နင်ဘယ်လိုစိတ်နဲ့ချစ်ချစ်
ဝေဟင်မှာနင်လွှတ်တင်တဲ့
ရစ်ဘီးနဲ့စွန် ငါမဖြစ်ချင်ဘူး
တစ်ကောင်သေရင် ကျောက်ဆောင်နံရံကို
ခေါင်းနဲ့ပြေးတိုက်ပြီးအချစ်နောက်ကို
လိုက်မယ့်  လွန်းကြင်ငှက်တွေ
ဒီခေတ်မှာရှားလာတာ  သဘာဝကျပါတယ်
ဘယ်မှာလဲ.....?
ကိုယ့် စိတ်ကိုယ် ပြန်မျှားဖို့်ဆို
တရားလေးတော့ထိုင်ရဦးမယ်

No comments:

Post a Comment