တီးမယ်

Sunday, July 29, 2012

မျက်နက်ဝန်းရဲ့..တစ်ချက်အညို့

မျက်နက်ဝန်းရဲ့..တစ်ချက်အညို့

ကော့ညွှတ်တဲ့..မျက်တောင်တွေဖျက်ခနဲ အပင့်မှာ
တစ်သတ်တာ အသုံးမပြုရသေးတဲ့ အသည်းက
ကြွေချင်ချင် ။
လှပတဲ့..မျက်နှာတော်ထက်
မှိုင်းညို့ညို့မျက်ခုံးနှစ်သွယ်....
ပါးမို့မို့စံပယ်ခင်းထဲ
ငါ့အချစ်တွေ ထိန်းကျောင်းရခက်လိုက်တာ
ဆုတောင်းကောင်းတဲ့.......ဆံနွယ်တွေ လေအနမ်းမှာ
ကုဋေတစ်သန်းတန်းတဲ့...ခြေလှမ်းဆိုတာ
မင်းနဲ့တွေ့မှ.......ငါတွေ့ဖူးတယ်...
တကယ်ပါ..မိန်းကလေးရယ်...။ ။

No comments:

Post a Comment