တီးမယ်

Tuesday, November 29, 2011

ကဗျာဆိုတာပြုလုပ်ခြင်းလို့ ဆရာဇေယျာလင်းကဆိုတယ်
ပန်းတွေမပါဘဲပြုလုပ်ထားတဲ့  ပျားရည်သာရှိကောင်းရှိမယ်
ခံစားချက်မပါဘဲရေးဖွဲ့ထားတဲ့ကဗျာ
ရယ်လို့ မရှိခဲ့ပါဘူးကွယ်
အချစ်ဆိုတာ  ပေးချင်တဲ့အချိန်ပေးပြီး
ရုတ်သိမ်းချင်တဲ့အချိန်ရုတ်သိမ်းလိုက်လို့ရတဲ့
ပေါ့ပါးတဲ့အရာတစ်ခုမဟုတ်တာ 
နင်နားလည်လိုက်စမ်းပါ
မင်းနဲ့တွေ့ခဲ့ရတာ
မင်းနဲ့ ချစ်ခဲ့ကြတာ
မင်းနဲ့လမ်းခွဲခဲ့တာ
ကြိုတင်ကြံစည်မှုမရှိတဲ့ပြုလုပ်ခြင်းဆိုရင်
တခါတရံမှာ  ငါကိုယ်တိုင်မသိတဲ့
ဗီလိန်အဖြစ်အတွက်ရင်နာတယ်
အတွေ့အကြုံဟာဆရာကောင်းဆိုရင်
ခံစားရတဲ့ဘ၀ပေါင်းလည်းများပြီ
တခါသေဖူးပျဉ်ဖိုးနားလည်သူမို့
ခါးခါးသီးသီးငြင်းဆန်ပါရစေ....
အမြစ်ခြောက်တဲ့သစ်ပင်ရေလောင်းရင်
ရှင်ချင်ရှင်မယ်
အချစ်ကြောက်တဲ့ကျမနှလုံးသား
အလွမ်းနဲ့နာဖျားနေတော့မှာ
(အချစ်အမုန်းကင်းတဲ့အကြင်နာနှင်းဆီ)

No comments:

Post a Comment