တီးမယ်

Saturday, April 21, 2012

 ငါ သိတဲ့ ငါ "


ငါ့ကိုယ်ငါ ပြန်ချစ်တတ်တဲ့ အခါ သူတပါးကို ချစ်မိလို့
ကျခဲ့ တဲ့ မျက်ရည်တွေအတွက် ငါ ရှက်တယ်

ငါ့ ကိုယ်ငါ တမ်းတ တတ်တဲ့ အခါ သူတပါးကို လွမ်းဆွတ်လို့
မျှော်ခဲ့မိတဲ့ နေ့ ရက်တွေအတွက် ငါ ရှက်တယ်

ငါ့ကိုယ်ငါ နာကြည်းတဲ့အခါ သူတပါးကို ညာဖြီးပြီး
မုန်းတီးခဲ့တဲ့ နေ့ရက်တွေအတွက် ငါရှက်တယ်

ငါ့ကိုယ်ငါ လိုက်လျောမိတဲ့အခါ ပိုက်တားထားမှန်းသိရက်နဲ့
ဝင်တိုးခဲ့တဲ့ အဖြစ်ပျက်တွေအတွက် ငါရှက်တယ်

ငါ့ကိုယ်ငါ နားလည်လာတဲ့အခါ ဘ၀မှာ အဖြေရှာမတွေ့ခဲ့ တဲ့
ပုစ္ဆာတွေ အတွက် ငါရှက်တယ်

တကယ်တော့............
ငါကိုယ်တိုင် ဖတ်ဖို့
ငါ့အကြောင်းငါ
ချမရေးရဲဘူး
အော် !
ဘာ ကောင်းတာများရှိလို့ လဲ ?????

No comments:

Post a Comment