ပန်းတွေမပါဘဲပြုလုပ်ထားတဲ့ ပျားရည်သာရှိကောင်းရှိမယ်
ခံစားချက်မပါဘဲရေးဖွဲ့ထားတဲ့ကဗျာ
အချစ်ဆိုတာ ပေးချင်တဲ့အချိန်ပေးပြီး
ရုတ်သိမ်းချင်တဲ့အချိန်ရုတ်သိမ်
ပေါ့ပါးတဲ့အရာတစ်ခုမဟုတ်တာ
နင်နားလည်လိုက်စမ်းပါ
မင်းနဲ့တွေ့ခဲ့ရတာ
မင်းနဲ့ ချစ်ခဲ့ကြတာ
မင်းနဲ့လမ်းခွဲခဲ့တာ
ကြိုတင်ကြံစည်မှုမရှိတဲ့ပြုလုပ်ြ
တခါတရံမှာ ငါကိုယ်တိုင်မသိတဲ့
ဗီလိန်အဖြစ်အတွက်ရင်နာတယ်
အတွေ့အကြုံဟာဆရာကောင်းဆိုရင်
ခံစားရတဲ့ဘ၀ပေါင်းလည်းများပြီ
တခါသေဖူးပျဉ်ဖိုးနားလည်သူမို့
ခါးခါးသီးသီးငြင်းဆန်ပါရစေ....
အမြစ်ခြောက်တဲ့သစ်ပင်ရေလောင်း
ရှင်ချင်ရှင်မယ်
အချစ်ကြောက်တဲ့ကျမနှလုံးသား
အလွမ်းနဲ့နာဖျားနေတော့မှာ
(အချစ်အမုန်းကင်းတဲ့အကြင်နာနှင်