Saturday, December 3, 2011

အတိတ်က

အတိတ်က
တကယ်ချစ်ရင်

ချစ်ရုံနှင့်မပြီး
မငြီးငွေ့သည့် သံယောဇဉ်
ကြင်နာမှု လေပြေတွေနဲ့
နွေ မိုး ဆောင်း အလီလီပြောင်း လည်း
မဟောင်းပဲ သည်းခံ
နည်းမှန်နဲ့ ဆက်ဆံကာလေ
မနက်ဖြန်ဆိုတဲ့
လောကဌာန်မုန်တိုင်းကို ကျော်ဖြတ်နိုင်ဖို့
လှော်တက်ကလေးကိုင် မှိုင်မနေနဲ့

ငိုင်တွေရင် အပူတွေဝင်လာ
လူတွေအမြင်မှာ အဆင်မပြေ လို့
မထင်စေဖို့လေ
ရေပြင်ကျယ်ကြီးကို အားမလျှော့ပဲ
နားတော့လည်း အတူတူ
လျှောက်တော့လည်း ခိုင်မြဲ
မယိုင်လဲတဲ့ မေတ္တာရေအလျင်ဝယ်
အပြစ်ရှာစရာတွေ့လည်း
ချစ်စရာအသွင်ဖြစ်ရအောင်
မောင်နဲ့မယ် လက်တွဲ
တစ်သက်မခွဲကြေးပေါ့
...............................................................
                                                                                                                            
ပစ္စုပ္ပန်
အတိတ်က

တစ်သက်မခွဲကြေးဆိုခဲ့ပေမယ့်

ကြုံရတဲ့အခြေအနေနဲ့ စရိုက်တွေကြောင့်

အောင့်တောင့်တောင့်ရင်ထဲက သံယောဇဉ်ကို

ပြန်မပြောချင်တော့ဘူး

မူးခိုက် ရူးခိုက်မှာ မြူးလိုက်မိပါ၏ ။

ခုတော့ ….

မင်းရဲ့ အပြောနဲ့ အပြုအမူများက

ငါ့စေတနာကို ဝေဒနာဖြစ်စေခဲ့

အဖြေရှာ သေချာသိချင်ရင်

ငါ့ ရင်ကိုခွဲကြည့်

မလွဲသိမှာက

ညစ်ထွေတဲ့စိတ်အစဉ်နဲ့

ဖိတ်စဉ်ခဲ့ရ ငါ့နှလုံးသားမှာ

အမုန်းတရားမရှိဘူး

အပြုံးများတော့ ဆုံးပါးကွယ်ပျောက် နှောက်ခဲ့ပြီ ။


ယိုးမယ်ဖွဲ့ရင်

အငြိုး … ဘယ်နှယ့်ဆင်လို့

အကြောင်းဖန်လာပုံကြောင့်

နှောင်းကံကြမ္မာ မဆုံတော့ဘူး ။


အိမ်ထောင်ဟူသည်

မသာယာလျှင် အကျဉ်းထောင်တမျိုး

သာယာလျှင် သံသရာအမှောင်တိုး ။

No comments:

Post a Comment