အိပ်မက်တွေလည်းမမက်ပါရစေနဲ့
လက်တွေ့ဘ၀မှာ စိတ်ကူးယဉ်မှုမရှိတဲ့ငါ
ည ညကောင်းမွန်စွာသာအိပ်စက်ခွင့်ေ
အပူပင်တွေမရှိတဲ့ ငယ်ဘ၀မှာတော့
မေ့ပုံပြင် တစ်ဝက်ဆောင်း မျက်လုံးညောင်းလို့အိပ်ခဲ့တယ်
အရွယ်လေးရောက် လူလားမြောက်တော့
လိုချင်လောဘ ပူသောကနဲ့
ကောင်းဆိုးလောကဓံ ရှစ်ပါးဒဏ်ကို
ကြံ.ကြံ.ခံရင်း နိုးတ၀က်ည
ငါ ပြန်အိပ်စက်မရတာများပေါ့
ပြန်ရောက်ချင်လှ လင်းတရေးနိုးည
နှင်းငယ်ဘ၀.........(ဖြူစင်နှင်
အမှန်တရားဆိုတာလူများများမသိနို
အဖြစ်မှန်ကိုလည်းနှင်း မချန်ရစ်နိုင်ဘူး
ဒါကြောင့် နှလုံးသားခြေရာအဖြစ်
ကဗျာလေးတွေမွေးထုတ်ဖြစ်တယ်
ဖတ်ရှုပေးတာကျေးဇူးကမ္ဘာပါ။ ။ ။
No comments:
Post a Comment