Saturday, January 12, 2013
Myanmar Hot Model: Nann Su Yati Soe & Shwe Sin
Nann Su Yati Soe & Shwe Sin @ Day of 360' World Event
![]() |
Myanmar Hot Girls: Nann Su Yati Soe (left) and Shwe Sin (right) |
Myanmar Hot Model: Nann Su Yati Soe & Shwe Sin @ Day of 360' World Promotion Event
On July 28, 2012 At Junction Square Shopping Center, Yangon.
Photos By Wai Yan.
Photos of MyanmarCelebrity.Com
ဇူလိုင်လ (၂၈) ရက်နေ့က Junction Square Shopping Center မှာ ကျင်းပခဲ့တဲ့ Day of 306' World, Kanebo Cosmetics Product မိတ်ဆက်ပွဲ မှာ တွေ့ရတဲ့ နန်းဆုရတီစိုး နှင့် မော်ဒယ် ရွှေစင်
Model: Hnin Yamone Oo
Model Hnin Yamone Oo's Sexy Fashion in Red Shorts
![]() |
Myanmar Hottie Model Girl : Hnin Yamone Oo |
Myanmar Beautiful Model: Hnin Yamone Oo
Nick Name: Chit Su
Date of Birth: May 1993
Relationship Status : Single
Education: First Year (Geology)
Height : 5' 8"
Weight: 113 lbs
Model Agency : Star & Models Int'l
Entered Myanmar Modeling Industry in December 2010
Facebook: Hnin Yamone Oo
Hobby: Modeling, Acting, Singing
Awards: Miss Crown 2012
Photos by Photo Magic Studio (The 47th Street, in Yangon).
Copyright © 2012 MyanmarCelebrity.Com
စွဲဆောင်မှုအပြည့်ရှိတဲ့ အလှတို့ကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ် နှင်းယမှုံဦး ပါ။
ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်နှင့်ရုပ်ထုများ
ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်နှင့်ရုပ်ထုများ( Tallest Statues in the World )
အကြောင်းကို တင်ပြပေးပါမယ်။
အမြင့်ဆုံး အတော်များများ မှာ ဘာသာရေးဆိုင်ရာ ရုပ်ပွားတော် များဖြစ်ပြီး ၊
အခြား အမှတ်တရ အထိမ်းအမှတ် ရုပ်ထုများလည်း ပါဝင်ကြပါတယ်။
အားပေးကြပါအုံး သူငယ်ချင်းတို့...
(၁)Spring Temple Buddha
ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်နှင့်ရုပ်ထု ကတော့ တရုတ်နိုင်ငံ ၊ Henan ပြည်နယ်
မှာတည်ရှိပါတယ်။ မှတ်တမ်းတင် အမြင့် 128 m (420 ပေ) ရှိသော်လည်း ၊ ကြာဖူး
ပလ္လင် အမြင့်နှင့် အောက်ခံ တွေပါဆို စုစုပေါင်း 208 m (682 ပေ) ဟု ဆိုကြပါတယ်။
ရုပ်ပွားတော်၏ အောက်တွင် ဘုန်တော်ကြီးကျောင်းကို တွဲစပ်တည်ဆောက်ထားပါတယ်။
ကြည်ညိုဖွယ်အဝေးမှမြင်ရပုံပါ...
ဒီရုပ်ပွားတော် သည် ကြေးသွန်းရုပ်ပွားတော် ဖြစ်ပြီး ကြေးတန်ချိန် 1,000 ဖြင့်
တည်ဆောက်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ကမ္ဘာ့အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၀၁ ခုနှစ်အထိ
အာဖဂန်နစ်စတန် မှ တာလီဘန်တို့ ဗုံးခွဲဖြိုချခြင်းခံရတဲ့ Buddhas of Bamiyan
ရုပ်ပွားတော်သည် ကမ္ဘာ့အမြင့်ဆုံးပါ။ ထိုအကြောင်းကို နောင် သက်သက် ပိုစ့်အတို
ရေးပါမည်။
(၂)Laykyun Sekkya(လေးကျွန်းစကြာင်္ ၊ မုံရွာ )
စစ်တိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့မှာ ကိုးကွယ်တော်မူသော လေးကျွန်းစကြာင်္ ရုပ်ပွားတော်
မြတ်သည် ၁၉၉၆ ခု တွင် စတင်တည်ထားပြီး ၂၀၀၈ ခုနှစ်တွင် ပြီးစီးကိုးကွယ်နိုင်ခဲ့ပါသည်။
116 metres (381 ပေ) ဟု တရားဝင်မှတ်တမ်းတင်ထားပါတယ်။
နေခရမ်း တော့ မဖူးဖူးဖသးဘူး။သူငယ်ချင်းများ ရောက်ရင် ဖူးနိုင်ကြပါစေ။
ကမ္ဘာမှာ ပါ မှတ်တမ်းဝင်တဲ့ ကျွန်တော်တို့ ရုပ်ပွားတော်မြတ်ကို ဂုဏ်ယူရင်း ဖူးချင်လှပါတယ်။

တည်ဆောက်စဉ်က ပုံတော်ပါ...
(၃)Ushiku Daibutsu
ဂျပန်နိုင်ငံမှာ တည်ရှိတဲ့ ရုပ်ပွားတော်ပါ။110 m (360 ပေ) မြင့်ပြီး ၊ အောက်ခံခုံအပါအ၀င်
120 m (394 ပေ ) မြင့်ပါတယ်။၁၉၉၅ ခုနှစ်မှာ တည်ဆောက်ပြီးစီး ပြီး၊ ဂျပန်နိုင်ငံ၏
အမှတ်တဆိပ်တစ်ခုဖြစ်ခဲ့ပါတယ်။
(၄) Nanshan Haishang Guanyin
မြန်မာ တို့သိသော ကွမ်ယင်မယ်တော် ပါ။ တရုတ်နိုင်ငံ Hainan ပြည်နယ်မှာ
တည်ရှိပြီး 108 m (354 ပေ) မြင့်ကာ ၂၀၀၅ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။

ရေပြင်မှာ တည်ထားတာပါ...
(၅)Emperors Yan and Huang

အင်ပိုင်ယာ ဘုရင် နှစ်ပါး ၏ရုပ်ထုတွေပါ။ တရုတ်နိုင်ငံ Henan ပြည်နယ်မှာ တည်ရှိပြီး
106 m (348 ပေ) ရှိပါတယ်။ ၂၀၀၇ ခုမှာ ပြီးခဲ့ပါတယ်။
(၆)Sendai Daikannon
ကွမ်ယင်မယ်တော် ရုပ်ထုပါပဲ။ ဂျပန်နိုင်ငံမှာ တည်ရှိပါတယ်။ 100 m (330 ပေ)
အမြင့်ရှိပြီး ၊ ၁၉၉၁ ခုမှာ ပြီးစီးခဲ့ပါတယ်။
(၇) Qianshou Qianyan Guanyin of Weishan

တစ်ချို့ဆိုဒ်တွေမှာ တော့ ဒီရုပ်ထုမပါပါဘူး။ ၂၀၀၉ ခုနှစ်မှ အပြီးသတ်ခဲ့တာမို့တစ်ချို့
စာရင်းတွေလွဲနေတာလို့ထင်ပါတယ်။ WIKI မှာ ရှာဖွေတော့လဲ ရုပ်ပုံမပါပေမဲ့ နံပါတ်
(၇)နေရာကိုတော့ ပေးထားပါတယ်။ ဒါကြောင့်ဒီနေရာမှ ဆက်ပြီးတင်ပေးလိုက်တာပါ။
တရုတ်နိုင်ငံ ၊ ဟူနမ် မှာရှိပြီး 99 m (325 ပေ) ရှိပါတယ်။လက်တစ်ထောင် နှင့် မျက်လုံး
တစ်ထောင်ရှိသော ကွမ်ယင်မယ်တော် ရုပ်ထုပါ။
(၈) Statue of Peter the Great
အပေါ်က နံပါတ် ၇ ၀င်လာတော့ သူက နံပါတ် ၈ ဖြစ်သွားတာပါ။
ရုရှားနိုင်ငံ မော်စကို မှာ တည်ရှိပြီး 96 m (315 ပေ) မြင့်ပါတယ်။
ပီတာ (၁)လက်ထပ် လွန်ခဲ့သော နှစ် ၃၀၀ က ရုရျားရေတပ် စတင်ဖွဲ့စည်း
ထွက်ခွာခဲ့တာကို အထိမ်းအမှတ်အဖြစ် ၁၉၉၇ ခုမှာ ထုလုပ်ခဲ့ကြတာပါ။
(၉)Great Buddha of Thailand

ထိုင်းနိုင်ငံ မှာ တည်ရှိတဲ့ ရုပ်ပွားတော်မြတ်ပါ။92 m (302 ပေ) အမြင့်ရှိပါတယ်။
၂၀၀၈ မှာတည်ထားပြီးခဲ့ပါတယ်။
(၁၀)Dai Kannon of Kita no Miyako park

ဂျပန်နိုင်ငံ ၊ ဟော့ကိုင်းဒိုးကျွန်း မှာတည်ရှိပြီး 88 m (289 ပေ)မြင့်ပါတယ်။
1989 ခုထဲက တည်ဆောက်ပြီးခဲ့တာပါ။
သူငယ်ချင်းတို့အတွက် စုစည်းတင်ပြထားခြင်းပါ။ အချက်အလက်များကို WIKI နှင့်
အခြား ဆိုဒ်များမှ ရယူထားပါသည်။ တစ်ချို့ ကွဲလွဲနေသော အချက်များရှိလျှင် ခွင့်လွှတ်ကြပါ။
Top ten မ၀င်သော်လည်း ထူးခြားလှပ သောရုပ်ထုများနှင့် သပ္ပာယ်ကြည်ညိုဖွယ် ရုပ်ပွားတော်
များကို နောင်တွင် တစ်ခုချင်းစီ တင်ပေးပါမည်။အခုတော့ ခဏနှုတ်ဆက်ပါတယ်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ပါစေ...................................

Subscribe to:
Posts (Atom)